စီးပွားရေးစာချုပ်စာတမ်းနှင့် တရားမဆိုင်ရာအသိပညာပေးသင်တန်း၌ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေဘာသာရပ်သင်ခန်းစာအား သွားရောက်ပို့ချခဲ့

နေပြည်တော်၊ ဇူလိုင်လ ၂၄
   နေပြည်တော်ရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း(ရုံးချုပ်)တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနအသီးသီးမှ အရာထမ်း/အမှုထမ်းများအတွက် ဖွင့်လှစ်ခဲ့သည့် စီးပွားရေးစာချုပ်စာတမ်းနှင့် တရားမဆိုင်ရာအသိပညာပေးသင်တန်းတွင် မူပိုင်ခွင့်ဆိုင်ရာဥပဒေဘာသာရပ်များနှင့် စပ်လျဉ်း၍ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က သွားရောက်ပို့ချခဲ့သည်။ အဆိုပါသင်တန်းသို့ မူပိုင်ခွင့်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာစီးပွား ရေးကော်ပိုရေးရှင်း (ရုံးချုပ်)၊ နေပြည်တော်မှ အရာထမ်း၊ အမှုထမ်းများနှင့်တာဝန်ရှိသူများ၊ သင်တန်းသား စုစုပေါင်း (၄၄) ဦး တက်ရောက်ခဲ့သည်။
   မူပိုင်ခွင့်ဆိုင်ရာဥပဒေဘာသာရပ်သင်ခန်းစာများနှင့်စပ်လျဉ်း၍ မူပိုင်ခွင့်ဥပဒေများဖြစ်သည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့် ဥပဒေနှင့် တီထွင်မှုမူပိုင်ခွင့်ဥပဒေတို့အား အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ဥပဒေအရလိုက်နာရမည့်စည်းကမ်းချက်များ၊ မှတ်ပုံတင်လျှောက်ထားခြင်းလုပ်ငန်းစဉ်များ၊ မှတ်ပုံတင်လျှောက်ထားခြင်းဖြင့် ရရှိနိုင်မည့်အခွင့်အရေးများ၊ မူပိုင်ခွင့်ချိုးဖောက်မှုများမှ အကာအကွယ်ပေးမှုများ စသည့်အသိပညာဗဟုသုတများအား သွားရောက်သင်ကြားပို့ချခဲ့ကြောင်း သတင်းရရှိပါ သည်။