နိုင်ငံတကာမူပိုင်ခွင့်ညီလာခံ-၂၀၂၅ တွင် ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာများ မျှဝေဆွေးနွေးခြင်း
ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသုတအောင်သည်နေပြည်တော်တွင်၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာမူပိုင်ခွင့်ညီလာခံ-၂၀၂၅ (International Conference on Intellectual Property-2025) ၌ တင်သွင်းခဲ့သည့် “Zero-Sum Mind-set: A Reflective Study on Synergising IP Rights and Competition Policy for Sustainable Development” ခေါင်းစဉ်ဖြင့် စာတမ်းတင်သွင်း ဆွေးနွေးခဲ့ပါသည်။
ယှဉ်ပြိုင်မှုမူဝါဒနှင့် မူပိုင်ခွင့်အကြား ဆက်စပ်မှုဆိုင်ရာ ဆွေးနွေးမှုတွင် သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ အဆို ပါ အစီအစဉ်သို့ မူဝါဒချမှတ်သူများ၊ စီးပွားရေးနယ်ပယ်မှ ထင်ရှားသူများ၊ အခြားသက်ဆိုင်သူများ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြပြီး အစီအစဉ်တွင် “အားလုံးပါဝင်နိုင်သည့် တည်တံ့သော စီးပွားရေးဖွံ့ဖြိုးမှုအတွက် ဆွေးနွေးမှုများအား မြှင့်တင်ဖော်ထုတ်ရေး” မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်၏ ကြိုးပမ်းဆောင်ရွက်မှုများကို ရှင်းလင်းဖော်ပြခဲ့ပါသည်။