ယှဉ်ပြိင်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ်များအကြောင်း သင်တန်း (သတင်းအပြည့်အစုံ)
ယှဉ်ပြိင်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ်များအကြောင်း သင်တန်း
(သတင်းအပြည့်အစုံ)
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန ၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ အဆိုပါစီမံချက်အရ ရက်တိုသင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိရာ ယှဉ်ပြိင်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ်များအကြောင်း သိကောင်းစရာများကို ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ(၂၃) ရက်နေ့မှ (၂၄) ရက်နေ့အထိ နံနက်(၁၀:၀၀) နာရီ မှ (၁၂:၃၀) နာရီအချိန်ထိ ကုန်သွယ်ရေးဦးစီးဌာန၊ ဧရာဝတီခန်းမ၌ သင်ကြားပို့ချခဲ့ပါသည်။
၃။ သင်တန်းအား သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန၊ အရာထမ်း၊ အမှုထမ်း စုစုပေါင်း(၂၀)ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြအဖြစ် မြန်မာနိုင်ငံ ယှဉ်ပြိုင်မှု ကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးသိန်းက ဆွေးနွေးပို့ချခဲ့ပါသည်။