Tradenet 2.o စနစ်၊ Online Sale စနစ်နှင့် VMS စနစ် အသုံးပြုနည်း သင်တန်း
Tradenet 2.o စနစ်၊ Online Sale စနစ်နှင့် VMS စနစ်
အသုံးပြုနည်း သင်တန်း
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက် အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်း များကို ကုန်သွယ်ရေးဦးစီးဌာန ၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ အဆိုပါစီမံချက်အရ ရက်တိုသင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိရာ “Tradenet 2.0 စနစ်၊ Online Sale စနစ်နှင့် VMS စနစ် အသုံးပြုနည်း သင်တန်း” သိကောင်းစရာများကို ၂၀၂၅ ခုနှစ် ၊ ဇွန်လ (၂၃) ရက်နေ့မှ (၂၅) ရက်နေ့အထိ နံနက် (၁၀:၀၀) နာရီ မှ (၁၂:၀၀) နာရီအချိန်ထိ ကုန်သွယ်ရေးဦးစီး ဌာန ၊ ဧရာဝတီခန်းမ၌ သင်ကြား ပို့ချခဲ့ပါသည်။
၃။ သင်တန်းအား သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန၊ အရာထမ်း ၊ အမှုထမ်း စုစုပေါင်း(၂၁)ဦးတို့တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြအဖြစ် သတင်းအချက် အလက်နှင့်နည်းပညာဌာနခွဲမှ နည်းပြများက ဆွေးနွေးပို့ချခဲ့ပါသည်။