ကုန်သွယ်မှုဥပဒေများဆိုင်ရာ သင်တန်း (သတင်းအပြည့်အစုံ)
ကုန်သွယ်မှုဥပဒေများဆိုင်ရာ သင်တန်း
(သတင်းအပြည့်အစုံ)
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက် အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်း များကို ကုန်သွယ်ရေးဦးစီးဌာန ၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ အဆိုပါစီမံချက်အရ ရက်တိုသင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိရာ “ကုန်သွယ်မှုဥပဒေများ ဆိုင်ရာအကြောင်း” သိကောင်းစရာများကို ၂၀၂၅ ခုနှစ် ၊ ဇွန်လ (၅) ရက်နေ့မှ (၆) ရက် နေ့အထိ နံနက် (၁၀:၀၀) နာရီ မှ (၁၂:၀၀) နာရီအချိန်ထိ ကုန်သွယ်ရေးဦးစီးဌာန ၊ ဧရာဝတီခန်းမ၌ သင်ကြား ပို့ချခဲ့ပါသည်။
၃။ အဆိုပါ သင်တန်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ခံကျင့်သုံး နေသော ဥပဒေ (၁၆) ရပ် နှင့် စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်ခွင့်ပေးသည့်ဥပဒေများ ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ၊ ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေများ အကြောင်းတို့ကို ဝန်ထမ်းများ သိရှိ၍ လုပ်ငန်းခွင်တွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ သင်ကြားပို့ချခဲ့ခြင်း ဖြစ်ပါသည်။
၄။ သင်တန်းအား သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန၊ အရာထမ်း ၊ အမှုထမ်း စုစုပေါင်း(၂၀)ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြအဖြစ် ကုန်သွယ်မှု မူဝါဒဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယုဇနမြင့်အောင်က ဆွေးနွေးပို့ချခဲ့ပါသည်။