ရငွေများလက်ခံခြင်းနှင့် စာရင်းရေးသွင်းခြင်းသင်တန်း (သတင်းအပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက် အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန ၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။         အဆိုပါစီမံချက်အရ “ရငွေများလက်ခံခြင်းနှင့်စာရင်းရေးသွင်းခြင်းသင်တန်း”ကို ၂၀၂၅ ခုနှစ် ၊ မေလ (၁၂) ရက်နေ့မှ (၁၃) ရက်နေ့အထိ နေ့လယ် (၁၃:၃၀) နာရီမှ (၁၅:၃၀) နာရီအချိန်ထိ ကုန်သွယ်ရေးဦးစီးဌာန၊ ဧရာဝတီခန်းမ၌  ဖွင့်လှစ်ခဲ့ပါသည်။

၃။         အဆိုပါသင်တန်းတွင် အခွန်အကောက်ရငွေအမျိုးအစားများ၊ဌာန၏ ရငွေများ လက်ခံရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ ၊ ရငွေများ စာရင်းရေးသွင်းခြင်းဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများကို ဝန်ထမ်းများသိရှိနားလည်စေပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍  ဆွေးနွေး ပို့ချခဲ့ခြင်းဖြစ်ပါသည်။ 

၄။         သင်တန်းအား သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန၊ အရာထမ်း၊အမှုထမ်း စုစုပေါင်း (၂၀)ဦးတို့ တက်ရောက်ခဲ့ပြီးဖြစ်၍ သင်တန်းနည်းပြအဖြစ် ငွေစာရင်း ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးသန္တာကျော်က ဆွေးနွေးပို့ချခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး  ဒေါ်ခိုင်ခိုင်စိုးက ဖြည့်စွက်ဆွေးနွေးပို့ချခဲ့ပါသည်။