လုပ်ငန်းများပေါင်းစည်းခြင်းသုံးသပ်မှုနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခြင်း
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် လုပ်ငန်းများပေါင်းစည်းခြင်းသုံးသပ်မှုနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ASEAN-OECD အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင် ဒေါက်တာသုတအောင်နှင့် ယှဉ်ပြိုင်မှုကော်မရှင်ရုံးမှ ကိုယ်စားလှယ်များ အွန်လိုင်းမှတစ်ဆင့် တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်မှာ ယှဉ်ပြိုင်မှုဆိုင်ရာအရာရှိများအနေဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (The Organization for Economic Cooperation and Development – OECD)မှ အတွေ့အကြုံရှိသော တရားစီရင်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များထံမှ စုံစမ်းစစ်ဆေးခြင်းဆိုင်ရာ နည်းစနစ်များနှင့် လုပ်ငန်းများပေါင်းစည်းခြင်းသုံးသပ်မှုတွင် ကြုံတွေ့ရသော စိန်ခေါ်မှုများကို လက်တွေ့ကျကျဖြေရှင်းနိုင်မည့် နည်းလမ်းများကို လေ့လာသိရှိနိုင်စေရန် ဖြစ်ပါသည်။