ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၇/၂၀၂၅) (သတင်းအပြည့်အစုံ)
ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၇/၂၀၂၅)
(သတင်းအပြည့်အစုံ)
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ
၂။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ အရာထမ်းများအတွက် ဖွင့်လှစ်သော ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၇/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ရုံးအမှတ် (၃) မြေညီထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
၃။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းဖွင့်ပွဲသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၁၃ ) ဦး တက်ရောက်ခဲ့ကြပါသည်။
၄။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်းများအား ဥပဒေဆိုင်ရာအသိပညာများကို လေ့လာသိရှိနားလည်ပြီး နိုင်ငံဝန်ထမ်း တစ်ဦးအနေဖြင့်သော်လည်းကောင်း၊ နိုင်ငံသားတစ်ဦးအနေဖြင့်သော်လည်းကောင်း လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်သိက္ခာများ၊ ရရှိခံစားအပ်သော ရပိုင်ခွင့်များကိုကောင်းစွာသိရှိစေပြီး အမှားနှင့်အမှန်ကို ပိုင်ပိုင်နိုင်နိုင် ခွဲခြားတတ်စေခြင်းဖြင့် မိမိ၏အကျိုး၊ အများအကျိုး၊ နိုင်ငံ၏အကျိုး၊ အမျိုးသားဘာသာ သာသနာ၏အကျိုးတို့ကို သယ်ပိုးဆောင်ရွက်နိုင်သည့် နိုင်ငံတော်၏သားကောင်းရတနာများ ဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။
၅။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ အရာထမ်း (၇၃) ဦးတို့ဖြင့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း၊ သင်တန်းအမှတ်စဉ် (၇/၂၀၂၅) အား ၂၀၂၅ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့မှ ဧပြီလ (၂) ရက်နေ့အထိ (တနင်္ဂနွေ)နှင့် ရုံးပိတ်ရက်များမှအပ (၈) ရက်ကြာ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲ အနီးရှိ သင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။