အခမ်းအနားမှူးသင်တန်း (သတင်းအပြည့်အစုံ)
အခမ်းအနားမှူးသင်တန်း
(သတင်းအပြည့်အစုံ)
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ
၂။ စီမံချက်အရ ကုန်သွယ်ရေးဦးစီးဌာနမှ ဦးဆောင်၍ကျင်းပပြုလုပ်သည့် အခမ်းအနားများ၊ ရာသီ အလိုက် ကျင်းပပြုလုပ်သည့် ပွဲတော်အခမ်းအနားများတွင် အစီအစဉ်ဖတ်ကြားရာ၌ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် အခမ်းအနားမှူးအဖြစ် တာဝန်ထမ်းဆောင်မည့် မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။
၃။ အဆိုပါသင်တန်းအား ၂၀၂၅ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့မှ (၂၁) ရက်နေ့ထိ နံနက် (၁၀:၀၀) နာရီမှ (၁၅:၀၀) နာရီထိ တိုးချဲ့အစည်းအဝေးခန်းမ နှင့် ငွေစာရင်းဌာနခွဲ ရှေ့ရှိ၊ ခန်းမသစ် သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
၄။ သင်တန်းအား သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိပြီး သင်တန်းနည်းပြအဖြစ် မြဝတီရုပ်မြင်သံကြား၊ သတင်းကြေညာသူ၊ ဒေါ်ခင်သူဇာဝင်းမှ လာရောက်သင်ကြား ပို့ချပေးခဲ့ပါသည်။ အဆိုပါသင်တန်းကို သင်တန်းသား ၊ သင်တန်းသူ စုစုပေါင်း (၂၆) ဦးတို့ တက်ရောက်ခဲ့ပါသည်။