အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းဆွေးနွေးမှုများအတွက် ဒသမအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့အဆင့် ညှိနှိုင်းအစည်းအဝေးများ တက်ရောက်ခြင်း

     အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-Canada Free Trade Agreement-ACAFTA) ညှိနှိုင်းဆွေးနွေးမှုများအတွက် ဒသမအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာလုပ်ငန်း အဖွဲ့အဆင့်ညှိနှိုင်းအစည်းအဝေးများ (10th ASEAN-Canada Free Trade Agreement Working Group on Competition – ACAFTA WGC and Caucus) ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့ထိ လူကိုယ်တိုင်နှင့် Virtual စနစ်တို့ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။            

     အစည်းအဝေးများတွင် နဝမအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေး၌ ဆွေးနွေးခဲ့မှုများအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်၏ ယှဉ်ပြိုင်မှုအခန်းတွင် ထည့်သွင်းမည့်အချက်အလက်များ၊ ယှဉ်ပြိုင်မှု အခန်း၏ စားသုံးသူကာကွယ်ရေးအပိုဒ်တွင် ထည့်သွင်းမည့် အချက်အလက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

   အစည်းအဝေးသို့ ကနေဒါနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ယှဉ်ပြိုင်မှုကဏ္ဍနှင့် စားသုံးသူကာကွယ်ရေးကဏ္ဍမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ ယှဉ်ပြိုင်မှုနှင့်စားသုံးသူကာကွယ်ရေးဆိုင်ရာ ကိုယ်စားလှယ် များက အဆိုပါအစည်းအဝေးသို့ Virtual စနစ်ဖြင့် တက်‌ရောက်ခဲ့ကြပါသည်။