နယ်စပ်စခန်းများမှ မျှစ်အစို၊ မျှစ်ခြောက်၊ ချင်းစိုအပါအဝင် အခြားကုန်ခြောက်များလည်း အပို့ရှိနေ

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နယ်စပ်စခန်းနှင့် ကန်ပိုက်တီး နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ဝ.၀၀၈၃ သန်း တန်ဖိုးရှိ မျှစ်အစို ၅၁ တန်ကျော်၊ ကန်ဒေါ်လာ ဝ.၀၁၃ သန်းတန်ဖိုးရှိ မျှစ်ခြောက် တန် ၃၀ အပို့ရှိခဲ့သလို ကန်ဒေါ်လာ ဝ.၀၁၇ သန်း တန်ဖိုရှိ ဖရဲသီး ၁၁၈ တန်၊ ကန်ဒေါ်လာ ဝ.၁၀၇ သန်း တန်ဖိုးရှိ သရက်ပြားခြောက် ၁၂၄ တန်ခန့်နှင့် ကန်ဒေါ်လာ ဝ.၀၇၂ သန်းတန်ဖိုးရှိ ဆီးသီးခြောက် တန် ၅၀၀ ကျော်လည်း ယခုအပတ်မှာ တစ်ဖက်အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့နိုင်ခဲ့တယ်လို့ သတင်းရရှိပါသည်။ ချင်းရွှေဟော်နယ်စပ်မှလည်း ဖရဲသီး တန် ၅၀ ၊ တောဂျင်း ၁၅ တန်၊ မျှစ်ခြောက် ၁၅ တန်နဲ့ အုံတုံခေါက် တန် ၂၀ ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ.၀၂၄ သန်းဖိုး တင်ပို့မှုလည်း ရှိခဲ့တယ်လို့ သတင်းရရှိပါသည်။

MIRT (DOBT)