H.S Code သင်တန်း (သတင်းအပြည့်အစုံ)
H.S Code သင်တန်း
(သတင်းအပြည့်အစုံ)
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ အဆိုပါ စီမံချက်အရ ကုန်သွယ်ရေးဦးစီးဌာန၊ ဌာနခွဲများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းတို့အား “H.S Code သင်တန်း” နှင့်ပတ်သက်၍ အကောက်ခွန်နှုန်းထား သတ်မှတ်ခြင်းနှင့်နိုင်ငံတကာကုန်သွယ်မှုစာရင်းများစုဆောင်းခြင်း၊ နိုင်ငံတကာကုန်သွယ်မှုစေ့စပ် ညှိနှိုင်းခြင်း၊ ကုန်စည်၏ ပင်ရင်းကို ဆုံးဖြတ်ခြင်း၊ အန္တရာယ်ရှိပစ္စည်းများ၊ စွန့်ပစ်ပစ္စည်းများ၊ မူးယစ် ဆေးဝါး၊ ဓာတုလက်နက်အစရှိသည့် ထိန်းချုပ်ပစ္စည်းများအားစောင့်ကြည့်ခြင်း စသည့်အကြောင်း အရာများကို သိရှိနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။
၃။ “ H.S Code သင်တန်း ” အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့မှ (၁၄) ရက်နေ့ထိ နံနက်(၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲ အနီးရှိ သင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။
၄။ အဆိုပါသင်တန်းအား သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိပြီး သင်တန်း နည်းပြအဖြစ် ကုန်သွယ်မှုမူဝါဒဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်ဇာဝင်း က သင်ခန်းစာများကို ပို့ချပေးခဲ့ပါသည်။ အဆိုပါသင်တန်းကို သင်တန်းသား ၊ သင်တန်းသူ စုစုပေါင်း (၂၀) ဦးတို့ တက်ရောက် ခဲ့ပါသည်။