နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ သင်တန်း (သတင်းအပြည့်အစုံ)
နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ သင်တန်း
(သတင်းအပြည့်အစုံ)
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ အဆိုပါ စီမံချက်အရ ကုန်သွယ်ရေးဦးစီးဌာန၊ ဌာနခွဲများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းတို့အား “ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ သင်တန်း”နှင့်ပတ်သက်၍ ဝန်ထမ်း၏ တာဝန်နှင့်အခွင့်အရေးများ၊ ဝန်ထမ်းများ ရွေးချယ်ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ ခွင့်ခံစားခြင်း၊ စည်းကမ်း ထိန်းသိမ်းရေး၊ အငြိမ်းစားယူခြင်း စသည့်အကြောင်းအရာများကို သိရှိနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။
၃။ “ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေသင်တန်း ” အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့မှ (၁၀) ရက်နေ့ထိ နံနက်(၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဌာနခွဲ အနီးရှိ သင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။
၄။ အဆိုပါသင်တန်းအား သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိပြီး သင်တန်း နည်းပြအဖြစ် စီမံရေးရာဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းမြင့် က သင်ခန်းစာများကိုပို့ချ ပေးခဲ့ပါသည်။ အဆိုပါသင်တန်းကို သင်တန်းသား ၊ သင်တန်းသူ စုစုပေါင်း (၂၀) ဦးတို့ တက်ရောက်ခဲ့ ပါသည်။