Wednesday Talk ဆွေးနွေးပွဲ သတင်း (အပြည့်အစုံ)

Wednesday Talk ဆွေးနွေးပွဲ

သတင်း (အပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ ညီလာခံခန်းမ၌ Wednesday Talk ဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၈) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ (၁၁:၂၀) နာရီ အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။         Wednesday Talk ဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန၊  လက်ထောက်ညွန်ကြားရေးမှူး ဦးထွေးဝင်း  က “အာဆီယံနှင့်ဟောင်ကောင်ဒေသတွင်းရှိ မူပိုင်ခွင့်ဆိုင်ရာ စီးပွားရေးလုပ်ငန်းအတွက် နယ်စပ် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှပ်နှံမှုများ အဆင်ပြေချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့မှု အား ရှင်းလင်းတင်ပြခြင်း”ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြခဲ့ပါသည်။

၃။         အဆိုပါ ဆွေးနွေးပွဲတွင် အာဆီယံနှင့်ဟောင်ကောင်ဒေသတွင်းရှိ မူပိုင်ခွင့်ဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင်များအတွက် မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး ကမ္ဘာ့စျေးကွက် စီးပွားရေးစနစ်မြှင့်တင် ဆောင်ရွက်နိုင်ခြင်း၊ကုန်သွယ်မှုအဆင်ပြေချောမွေ့စေခြင်း၊ မူပိုင်ခွင့် အခွင့်အရေးများကို ပိုမိုသိရှိနားလည်နိုင်စေခြင်း၊ မူပိုင်ခွင့်အခွင့်အရေး အကာအကွယ်ယူ ဆောင်ရွက်ခြင်းဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ အကျိုးစီးပွား တိုးတက်စေခြင်း၊ အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး အငြင်းပွားမှုများအတွက် ဆောင်ရွက် နိုင်သည့် နည်းလမ်းများအား သိရှိကျင့်သုံးဆောင်ရွက်နိုင်စေခြင်းတို့ကို သိရှိနိုင်စေရန် ရည်ရွယ်၍ ဆွေးနွေး တင်ပြခဲ့ပြီး  မူပိုင်ခွင့်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနှင်းနွယ်အေး က ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။     

၄။         ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းဦး က Wednesday Talk ဆွေးနွေးပွဲတွင် တင်ပြ ဆွေးနွေးပြောကြားခဲ့သော လက်ထောက်ညွှန်ကြားရေးမှူး ဦးထွေးဝင်း အား ဂုဏ်ပြုလက်ဆောင် ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးရုံး၊ ဒုတိယဝန်ကြီး ဦးမင်းမင်း က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။

၅။         အဆိုပါ  Wednesday Talk ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးရုံး ဒုတိယဝန်ကြီး၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မူပိုင်ခွင့်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၁၄) ဦးတို့ တက်ရောက်ခဲ့ပါသည်။