ပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာသင်တန်း (သတင်းအပြည့်အစုံ)

ပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာသင်တန်း

(သတင်းအပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။         အဆိုပါ စီမံချက်အရ ကုန်သွယ်ရေးဦးစီးဌာန၊ ဌာနခွဲများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းများအား လွတ်လပ်သောကုန်သွယ်မှုဒေသများ(FREE TRADE AREAS) နှင့် ကုန်သွယ်မှု ဆိုင်ရာ အစီအစဉ်များ၏ အကောက်ခွန်သက်သာခွင့်များအား သိရှိစေရန်ရည်ရွယ်၍ “ ပင်ရင်းနိုင်ငံစည်းမျဉ်း ဆိုင်ရာသင်တန်း” ကို ဖွင့်လှစ်ရခြင်း ဖြစ်ပါသည်။

၃။         “ပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာသင်တန်း အား ၂၀၂၄ ခုနှစ်၊  ဒီဇင်ဘာလ (၅) ရက်နေ့မှ (၆) ရက် နေ့ထိ နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲ အနီးရှိ သင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။

၄။         အဆိုပါသင်တန်းအား သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိပြီး သင်တန်း နည်းပြအဖြစ် ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နိုင်စိုး က သင်ခန်းစာများကို ပို့ချပေးခဲ့ပါသည်။ အဆိုပါ သင်တန်းကို သင်တန်းသား ၊ သင်တန်းသူ စုစုပေါင်း (၂၀) ဦးတို့ တက်ရောက်ခဲ့ပါသည်။