အသုံးစရိတ်ထုတ်ယူရန်ကြိုတင်စစ်ဆေးခြင်းသင်တန်း (သတင်းအပြည့်အစုံ)

အသုံးစရိတ်ထုတ်ယူရန်ကြိုတင်စစ်ဆေးခြင်းသင်တန်း

(သတင်းအပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။         အဆိုပါ စီမံချက်အရ ကုန်သွယ်ရေးဦးစီးဌာန၊ ဌာနခွဲများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းများအား အသုံးစရိတ်ဆိုင်ရာ တင်ပြရမည့် အချက်အလက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာဘဏ္ဍာရေးစည်းမျဉ်းတို့နှင့်အညီ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ “ အသုံးစရိတ်ထုတ်ယူရန် ကြိုတင်စစ်ဆေးခြင်းသင်တန်း” ကို ဖွင့်လှစ်ရခြင်း ဖြစ်ပါသည်။

၃။         “အသုံးစရိတ်ထုတ်ယူရန်ကြိုတင်စစ်ဆေးခြင်းသင်တန်း” ကို ၂၀၂၄ ခုနှစ်၊  နိုဝင်ဘာလ(၁၁) ရက်နေ့မှ (၁၂) ရက်နေ့ထိ နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိ ဒေသတွင်းစီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးဌာနခွဲအနီးရှိ သင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။

၄။         အဆိုပါသင်တန်းကို သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိပြီး သင်တန်း နည်းပြအဖြစ် ငွေစာရင်းဌာနခွဲ၊   လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိအိလွင် က သင်ခန်းစာများကို ပို့ချပေးခဲ့ပါသည်။ အဆိုပါ သင်တန်းကို သင်တန်းသား ၊ သင်တန်းသူ စုစုပေါင်း (၂၀) ဦးတို့ တက်ရောက်ခဲ့ ပါသည်။