ဒစ်ဂျစ်တယ်စီးပွားရေးသဘောတူညီချက်များတွင် ထည့်သွင်းမည့် ယှဉ်ပြိုင်မှုဆိုင်ရာကိစ္စရပ်များ အွန်လိုင်းဆွေးနွေးပွဲ တက်ရောက်ခြင်း

၁။      အာဆီယံ-နိုင်ငံတကာကုန်သွယ်မှုစင်တာက ကျင်းပပြုလုပ်သည့် ဒစ်ဂျစ်တယ်စီးပွားရေး သဘောတူညီချက်များတွင် ထည့်သွင်းမည့် ယှဉ်ပြိုင်မှုဆိုင်ရာကိစ္စရပ်များ အွန်လိုင်းဆွေးနွေးပွဲ (ASEAN-ITC Webinar on Competition Issues Covered in Digital Economy Agreements)” ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် အွန်လိုင်းမှ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။       အဆိုပါဆွေးနွေးပွဲတွင် ဒစ်ဂျစ်တယ်စီးပွားရေး သဘောတူညီချက်များ (Digital Economy Agreements-DEAs)အပါအဝင် နိုင်ငံတကာကုန်သွယ်မှုသဘောတူညီချက်များတွင် ထည့်သွင်းမည့် ယှဉ်ပြိုင်မှုဆိုင်ရာပြဋ္ဌာန်းချက်များ၊ ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာ မူဘောင်သဘောတူစာချုပ် (Digital Economy Framework Agreement-DEFA) တွင် ထည့်သွင်းစဉ်းစားရမည့် ယှဉ်ပြိုင်မှုဥပဒေနှင့် မူဝါဒဆိုင်ရာ နယ်စပ်ဖြတ်ကျော် ဒစ်ဂျစ်တယ်စိန်ခေါ်မှုများ၊ အီးယူအပါအဝင်မတူညီသော အာဏာပိုင်အဖွဲ့အစည်းများ၏ ချဉ်းကပ်မှုများအရ ကြုံတွေ့ရသော စိန်ခေါ်မှုများနှင့် ရရှိခဲ့သောအခွင့်အလမ်းများကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ 

၃။      ဆွေးနွေးပွဲသို့ နိုင်ငံတကာကုန်သွယ်မှုစင်တာမှ ကျွမ်းကျင်ပညာရှင်များနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ယှဉ်ပြိုင်မှုဆိုင်ရာကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။