Wednesday Talk ဆွေးနွေးပွဲ သတင်း (အပြည့်အစုံ)

Wednesday Talk ဆွေးနွေးပွဲ

သတင်း (အပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ ညီလာခံခန်းမ၌ Wednesday Talk ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်၊ နံနက် (၁၀:၀၀) နာရီမှ (၁၁:၀၀) နာရီ အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။         Wednesday Talk ဆွေးနွေးပွဲတွင် “ကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက် အရည်အသွေး စီမံခန့်ခွဲရေးကဏ္ဍနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့် အရည်အသွေးဆိုင်ရာ လိုအပ်ချက်များပြည့်မှီခြင်းဖြင့် အရည်အသွေးနှင့် ဘေးကင်းမှုဆိုင်ရာကုမ္ပဏီ၏ ကတိကဝတ်များ ဖော်ဆောင်ရာတွင် နိုင်ငံတကာစည်းမျဉ်းများလိုက်နာခြင်းဖြင့် ယုံကြည်မှုနှင့်သစ္စာစောင့်သိမှုကို မြှင့်တင်၍ စျေးကွက်ချဲ့ထွင်ခြင်း ၊ ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်မှုအဆင့်တွင် စည်းမျဉ်း လိုက်နာမှုဆိုင်ရာ ပြဿနာများအတွက် ကုန်ကျစရိတ် ထိရောက်မှုရှိစေခြင်း ၊ စည်းမျဉ်းစည်းကမ်းများ လိုက်လျော ညီထွေမှု မရှိသောပြိုင်ဘက်များထက် စည်းမျဉ်းစည်းကမ်းများ လိုက်လျောညီထွေမှုရှိသော စီးပွားရေး လုပ်ငန်းများ သာလွန်ကောင်းမွန်ခြင်းဖြင့် ယှဉ်ပြိုင်မှု အားသာချက်များရှိစေသော အကျိုးကျေးဇူးများ ရရှိစေရန်ရည်ရွယ်၍ ဆွေးနွေး တင်ပြခဲ့ခြင်းဖြစ်ပါသည်။

၃။         စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာဝေရီလင်း က အဆိုပါ ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးညီညီအောင် က  ထပ်မံ ဖြည့်စွက် ဆွေးနွေးခဲ့ပါသည်။ 

၄။         ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းနွယ်အေး က  ဆွေးနွေး ပြောကြားခဲ့သော ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာဝေရီလင်း  အား ဂုဏ်ပြုလက်ဆောင် ပေးအပ် ချီးမြှင့်ခဲ့ပြီး မူပိုင်ခွင့်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ပါသည်။

၅။         အဆိုပါ  Wednesday Talk ဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၂၈) ဦးတို့ တက်ရောက် ခဲ့ပါသည်။