ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄) (သတင်းအပြည့်အစုံ)

ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)

(သတင်းအပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် သင်တန်းများကို တာဝန်ယူအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ကုန်သွယ်ရေးဦးစီး ဌာနနှင့်မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ အရာထမ်းများအတွက် ဖွင့်လှစ်သော ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ရုံးအမှတ်(၃) မြေညီထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၃။         သင်တန်းဖွင့်ပွဲအခမ်းအနား သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ( ၈၉ ) ဦး တက်ရောက်ခဲ့ကြပါသည်။

၄။         အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီး က စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်းများကို ဥပဒေသဘောတရားများ သိရှိ နားလည်ပြီး ဥပဒေအား လေးစားလိုက်နာသော နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်ပေါ်စေရန် သက်ဆိုင်ရာ လုပ်ငန်း နယ်ပယ်တွင် လက်တွေ့လိုက်နာ ကျင့်သုံးနိုင်ခြင်းဖြင့် ပေးအပ်သောတာဝန်ကို  စွမ်းဆောင်ရည် မြင့်မားစွာဖြင့် ကျေပွန်စွာတာဝန်ထမ်းဆောင်နိုင်စေရန်အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ နှင့် အာဆီယံဥပဒေများ လက်တွေ့အသုံးချမှု၊ စီးပွားရေးစာချုပ်စာတမ်းများ စိစစ် ခြင်း၊ ဥပဒေမူကြမ်းရေးဆွဲခြင်း၊ အစိုးရဌာန၊ အဖွဲ့အစည်းများပါဝင်သည့် တရားမမှု၊ နိုင်ငံပိုင်မြေများ စီမံခန့်ခွဲခြင်း နှင့် တရားမဝင်ကျုးကျော် နေထိုင်မှုဆိုင်ရာ မြေယာပြဿနာများအကြောင်း၊ နိုင်ငံ့ ဝန်ထမ်းဆိုင်ရာ ပြဿနာများအား အရေးယူဆောင်ရွက်ခြင်းနှင့် ပြစ်မှုဆိုင်ရာဥပဒေအကြောင်း သိကောင်းစရာများစတဲ့ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

၅။         အဆိုပါသင်တန်းအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက် နေ့မှ (၃၀) ရက်နေ့အထိ (၆) ရက်ကြာ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲအနီးရှိ သင်တန်းခန်းမတွင် ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။