စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဥပဒေများနှင့်ဆက်စပ်ဌာနများ၏ ဥပဒေများအကြောင်းသိကောင်းစရာသင်တန်း (သတင်းအပြည့်အစုံ)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဥပဒေများနှင့်ဆက်စပ်ဌာနများ၏ ဥပဒေများအကြောင်းသိကောင်းစရာသင်တန်း

(သတင်းအပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများ ကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။         အဆိုပါစီမံချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများအား “စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဥပဒေများနှင့် ဆက်စပ်ဌာနများ၏ ဥပဒေများအကြောင်းသိကောင်းစရာသင်တန်း” ကို သိရှိနားလည်စေရန် ရည်ရွယ်၍     ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။

၃။         “စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဥပဒေများနှင့်ဆက်စပ်ဌာနများ၏ ဥပဒေ များအကြောင်းသိကောင်းစရာများ သင်တန်း” ကို ၂၀၂၄ ခုနှစ်၊  ဇူလိုင်လ (၂၅) ရက် နေ့မှ (၂၆) ရက်နေ့ထိ နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဌာနခွဲအနီးရှိ သင်တန်းခန်းမတွင် ဖွင့်လှစ်ခဲ့ပါသည်။

၄။         အဆိုပါ သင်တန်းကို သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိပြီး သင်တန်း နည်းပြအဖြစ်  ကုန်သွယ်မှုမူ ဝါဒဌာနခွဲ မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယုဇနမြင့်အောင် က သင်ခန်းစာများကို ပို့ချပေးခဲ့ပါသည်။ အဆိုပါ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၄) ဦးတို့ တက်ရောက်ခဲ့ပါသည်။