Training on Current Implementations of WTO’s TFA Agreement in Myanmar သင်တန်းဖွင့်လှစ်ခဲ့သည့် သတင်း (အပြည့်အစုံ)

Training on Current Implementations of WTO’s TFA Agreement in Myanmar သင်တန်းဖွင့်လှစ်ခဲ့သည့် သတင်း (အပြည့်အစုံ)

 

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။         အဆိုပါစီမံချက်အရ Training on Current Implementations of WTO’s TFA Agreement in Myanmar သင်တန်းကို၂၀၂၄ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့ (ကြာသပတေးနေ့) နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိ ဖွင့်လှစ်ခဲ့ပါသည်။

၃။      အဆိုပါသင်တန်းကို ကုန်သွယ်ရေးဦးစီးဌာန WTOနှင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုနှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးညီညီအောင်မှ သင်ခန်းစာများ ပို့ချပေးခဲ့ပြီး အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၉) ဦးတို့ တက်ရောက်ခဲ့ပါသည်။