"အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်" ရေးဆွဲရေးအတွက် နဝမအကြိမ် လုပ်ငန်းအဖွဲ့အဆင့် ညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉ ရက်
အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်” ရေးဆွဲရေးအတွက် လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေးများကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှစတင် ကျင်းပဆွေးနွေးခဲ့ကြရာ နဝမအကြိမ် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇွန်လ၂၉ ရက်နေ့ (ဗုဒ္ဓဟူးနေ့) မြန်မာစံတော်ချိန် နံနက် (၀၇:၃၀)နာရီ အချိန်မှ နေ့လယ် (၁၃:၀၀) နာရီအချိန်ထိ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများနှင့် အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံမှ ဘာသာရပ်တာဝန်ခံ ကိုယ်စားလှယ်များ၊ စုစုပေါင်း (၂၈)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အစည်း အဝေးတွင် ဖိလစ်ပိုင်ယှဉ်ပြိုင်မှုကော်မရှင်က အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ညှိနှိုင်းအစည်းအဝေးတွင် “အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင် သဘောတူစာချုပ် ’’ ၌ ထည့်သွင်းရေးဆွဲမည့် Articles များကို လမ်းညွှန်အခြေခံမူများ၏ နောက်ဆက်တွဲအဖြစ် ပူးတွဲနိုင်ရေး ထပ်မံဖြည့်စွက်လိုသည့် အချက်များနှင့် လုပ်ငန်းအစီစဉ်တို့အပေါ် အဓိကထားဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင်ဆွေးနွေး ရရှိလာသည့် ဆွေးနွေးမှုရလဒ်များကို အခြေခံပြီး “အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်” ကို ညှိနှိုင်းဆွေးနွေးရေးဆွဲကြရမည်ဖြစ်ပါသည်။