တရားမဝင် နဲ့ တရားဝင ်ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ များကို အပြင်ပန်း ကြည့်ရုံနဲ့သိနိုင်
အင်္ဂါနေ့ ၁၀ ဧပြီလ ၂၀၁၃ 14 : 52 PM
တရားဝင် မှတ်ပုံတင်ပြီး တင်သွင်းလာတဲ့ ပစ္စည်းများမှာ အညွှန်း Label ကအစ မြန်မာ လိုပါတယ်။ Shelflife သုံးစွဲနည်း၊ ဘယ်သီးနံှမှာ သုံးရမယ်၊ အဆိပ်သင့်လျှင် အရေးပေါ် ကုသနည်းများ ဖော်ပြ ထားပါ တယ်။ ပုလင်း သို့မဟုတ် အိတ်ခွံ ကိုကြည့်တာ နဲ့အလွယ် တကူသိ ရှိနိုင် ပါတယ်။ လယ်သမားထု နဲ့အုပ် ခုျပ်ရေး အဖွဲ့အစည်း တွေသိအောင် တိုင်းနဲ့ပြည် နယ်တွေကို Special Task Force အနေနဲ့ ကျယ်ကျယ် ပြန့်ပြန့် စတင် ဆောင်ရွက် နေပြီး ပဲခူးတိုင်း ဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း ဒေသကြီးနဲ့ ကရင်ပြည်နယ် တို့မှာ ဆောင်ရွက်ပြီးပြီ ရန်ကုန်နဲ့ ဧရာဝတီ တိုင်းဒေသကြီး များဘက်ကို ပညာပေး ရန်စီစဉ်ထားပြီး ဖြစ်ကြောင်းနဲ့ နိုင်ငံနဲ့ အဝှမ်းမှာ ထိထိရောက် ရောက်ပညာ ပေးတာကို အရှိန်အဟုန် ပြင်းပြင်းနဲ့ လုပ်ဆောင် သွားမယ်လို့ စိုက်ပိုျးရေး ဦးစီးဌာန Plant Protection ဌာနမှ ညွှန်ကြားရေးမှူး ဦးတင်စိုးက မတ်လ ၃ဝ ရက်နေ့က မြန်မာနိုင်ငံ ဆန်စပါး အသင်းခုျပ် အစည်း အဝေး ခန်းမမှာ ပြုလုပ်တဲ့ ရှင်းလင်း ပွဲမှာပြော ကြားခဲ့တာ ဖြစ်ပါတယ်။
ဂန္ဓမာ