စီးပွားရေးကို အွန်လိုင်းစနစ်သို့ ကူးပြောင်းနည်းလမ်းညွှန် (Good Practice Guides - GPG)

မြန်မာနိုင်ငံတွင် E-Commerce လက်ခံသုံးစွဲမှုကို အရှိန်မြှင့်တင်နိုင်ရန်အတွက် စီးပွားရေးကို အွန်လိုင်း စနစ်သို့ကူးပြောင်းနည်းလမ်းညွှန် (Good Practice Guides - GPG)  ဖြစ်သော အွန်လိုင်းမှ လူသုံးကုန် ပစ္စည်းရောင်းချသော ဝန်ဆောင်မှုများပေးခြင်း၊ အွန်လိုင်းမှ အစားအသောက် ပေးပို့ရောင်းချသော ဝန်ဆောင်မှုများပေးခြင်း၊ အွန်လိုင်းမှစားသောက်ကုန်ရောင်းချသောဝန်ဆောင်မှုများပေးခြင်း၊ အွန်လိုင်းမှ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ဆောင်မှုများပေးခြင်း တို့ကို ထုတ်ဝေခဲ့ပါသည်။ 

စီးပွားရေးကို အွန်လိုင်းစနစ်သို့ ကူးပြောင်းနည်းလမ်းညွှန်(Good Practice Guides - GPG)  ၄ ခုသည် ဦးစားပေးကဏ္ဍများရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများက အစိုးရ၏ စည်းမျဉ်းများ၊ ကောင်းမွန်သောလုပ်ငန်းဆိုင်ရာအလေ့အထများနှင့်အညီ ကုန်စည်နှင့်ဝန်ဆောင်မှုများ အွန်လိုင်းသို့ကူးပြောင်းရောင်ချရာမှာ အစီအစဉ်ကောင်းများချမှတ်နိုင်ရေးနှင့် စတင်ဆောင်ရွက်နိုင်ရေး အထောက်အပံ့ကောင်းတစ်ခုဖြစ်စေရန် ရည်ရွယ်ပါသည်။