ယခုအပတ်အတွင်း စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရေထွက်ကုန်နှင့်စက်မှုကုန်ချောပစ္စည်းများ ပိုမိုတင်ပို့နိုင်ခဲ့

Tue, 03/07/2023 - 08:15 -- DotBorderdep

    အိမ်နီးချင်းနိုင်ငံဖြစ်သည့်  ဘင်္ဂလားဒေ့ရှ့်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား နယ်စပ်ဒေသမှတဆင့် ကုန်သွယ်မှုပြုရာတွင် ရခိုင်ပြည်နယ်ရှိစစ်တွေွကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေး စခန်းတို့မှတဆင့် တဖက်နိုင်ငံတက္ကနဗ်မြို့သို့ ကုန်စည်များတင်ပို့၊ တင်သွင်းလျက်ရှိသည်။ 

    မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို တင်ပို့လျက်ရှိပြီး၊ ရင်းနှီးမြှပ်နှံမှု ပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကိုတင်သွင်းလျက်ရှိသည်။

   မတ်လပထမသီတင်းပတ်အတွင်း မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ရေထွက်ကုန်ဖြစ်သည့် ငါးမြစ်ချင်း (၄၅)တန်ခန့်၊ စက်မှုကုန်ချောပစ္စည်းများဖြစ်သည့် တံမျက်စည်းကြမ်း (၅)တန်နှင့် ဆီးယိုထုပ် (၅၁) တန် စုစုပေါင်းတန်ဖိုးအမေရိကန်ဒေါ်လာ (၇၀၄၁၀)ဖိုး ပိုမိုတင်ပို့ခဲ့သည်။ ထိုသို့တင်ပို့နိုင်ခဲ့သည့်အတွက် ယခင်သီတင်းပတ်နှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ (၀.၀၄၁၈) သန်း ပိုမိုခဲ့သည်။

   ယခုသီတင်းပတ်အတွင်း လယ်ယာထွက်ကုန်ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့၊ ဆီးဖတ်၊ ဆီးသီး ခြောက်၊ ချင်းအစို၊ အုန်းသီးနှင့် စစ်တုံဥတို့ တင်ပို့နိုင်ခဲ့သည်။

 

Border Trade News

Pages