မြိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Tue, 01/30/2024 - 05:57 -- mocadmin

   မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့မှ ဇန်နဝါရီလ ၂၇ ရက်နေ့ အတွင်း ငါးမှုန့် ၁ တန်လျှင် ၉၁၇ ဒေါ်လာနှုန်းဖြင့် ၁၅၉၀ တန် ၊ ငါးဆီ ၁ တန်လျှင် ၆၀၆ ဒေါ်လာနှုန်းဖြင့် ၂၈ တန်နှင့် ငါးကြိတ်သား ၁ တန်လျှင် ၁၈၅၈ ဒေါ်လာနှုန်းဖြင့် ၁၈ တန်အား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့် လျှောက်ထားရယူ၍ တင်ပို့နိုင်ခဲ့သည်။

   သွင်းကုန်တင်သွင်းမှုအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့မှ ဇန်နဝါရီလ ၂၇ ရက်နေ့အတွင်း ဒီဇယ်ဆီ ၁ တန်လျှင် ၈၂၉.၄ ဒေါ်လာနှုန်းဖြင့် ၄၇၀၀ တန်၊ ဓါတ်ဆီ တစ်တန်လျှင် ၈၈၁ ဒေါ်လာနှုန်းဖြင့် ၃၀၀ တန်၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်း ၃၈.၅၆၀၁ ကီလိုဂရမ်နှင့် လုပ်ငန်းသုံး ပစ္စည်း ၈၆၁.၆၈၅ ကီလိုဂရမ် ၊ ၄၀၀ ခု၊ ပုဇွန်စာ ၁၅၀ ကီလိုဂရမ်ကို တင်သွင်းခဲ့သည်။

DOT (မြိတ်)

Border Trade News

Pages