မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် (၁၂-၃-၂၀၂၃) ရက်နေ့ ကုန်သွယ်မှုအခြေအနေ

Mon, 03/13/2023 - 11:12 -- DotBorderdep

          ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြု ပေးလျက်ရှိသည်။ (၁၂-၃-၂၀၂၃) ရက်နေ့တွင် လာရောက်လျှောက်ထားမှုများမှ သွင်းကုန်လိုင်စင် (၃၉) စောင် (၅.၆၀၉) ယွမ်သန်း တန်ဖိုးရှိသည့် စက်နှင့်စက်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ လိမ္မော်သီး၊ ပန်းသီးတို့ကို ခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၃ ခုနှစ်၊ မတ်လ (၁)ရက်နေ့မှ (၁၂)ရက်နေ့ထိ သွင်းကုန်လိုင်စင် (၃၀၈)စောင် ခွင့်ပြုထုတ်ပေးခဲ့သည်။ (၁၂-၃-၂၀၂၃)ရက်နေ့တွင် အများဆုံး ပို့ကုန် ပစ္စည်းများမှာ မြေပဲဆံ၊ သခွားမွှေး၊ ကြက်သွန်နီ၊ ပဲတီစိမ်း၊ ဖရဲသီး၊ ငါးရှဉ့်၊ ငရုတ်သီးစို၊ ကဏန်း၊ အလူမီနီယံသတ္တု၊ နေလဲစေ့တို့ဖြစ်ပြီး အများဆုံးသွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့်ယာဉ်ယန္တရားများ၊ သွပ်လိပ်၊ ကားတာယာ၊ လိမ္မော်သီး၊ ဒီဇယ်ဆီ၊ စတီးပြား၊ ပလပ်စတစ်ချပ်၊ သံချောင်း၊ ကိတ်ပြုလုပ်ရာ တွင် သုံးသည့်ခရင်မှုန့်၊ တစ်သျှူးစက္ကူတို့ဖြစ်သည်။

          မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှ တစ်ဘက်နိုင်ငံသို့ တင်ပို့ ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ထုတ်ပေးသော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form E ကိုတင်ပို့သူမ ှတောင်းခံလာပါက စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိသည်။ (၁၂-၃-၂၀၂၃) ရက်နေ့တွင် Form E ထုတ်ပေးမှု မှာ (၃၄)စောင် ဖြစ်ပြီးရေခဲငါး(၂)စောင်၊ ချဉ်ပေါင်ဖာလာ(၂)စောင်၊ ဝါဂွမ်း(၂)စောင်၊ ကဏန်း(၅)စောင်၊ ငါးရှဉ့်(၅)စောင်၊ ဆန်ကွဲ(၁၃)စောင်၊ နေလဲစေ့ (၁)စောင်၊ ဖရုံသီး(၄)စောင်တို့အား ခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၃ ခုနှစ်၊ မတ်လ(၁)ရက်နေ့မှ (၁၂)ရက်နေ့အထိ Form E (၃၇၃)စောင်ထုတ်ပေးခဲ့သည်။

          (၁၂-၃-၂၀၂၃) ရက်နေ့တွင် ပို့ကုန်ယာဉ်စီးရေ (၂၅၀)စီး၊ သွင်းကုန်ယာဉ်စီးရေ (၈၉)စီး၊ စုစုပေါင်း (၃၃၉)စီးကုန်သွယ်မှုဆောင်ရွက်ခဲ့ပြီးယခုရက်ပိုင်းတွင် မြေပဲဆံ၊ သခွားမွှေး၊ ကြက်သွန်နီ၊ ပဲတီစိမ်း၊ ဖရဲသီး၊ ငါးရှဉ့်၊ ငရုတ်သီးစို၊ ကဏန်း၊ အလူမီနီယံသတ္တု၊ နေလဲစေ့အစရှိသည့် ပို့ကုန်ပစ္စည်းများ တင်ပို့ လျက်ရှိသည်။ (၁-၃-၂၀၂၃ မှ ၁၂-၃-၂၀၂၃) ရက်နေ့အထိ ပို့ကုန်ယာဉ်စီးရေ(၂၇၉၂)စီး၊ သွင်းကုန် ယာဉ်စီးရေ (၆၂၉)စီးကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သည်။

          မြန်မာ-တရုတ်နယ်စပ်ဒေသကုန်သွယ်မှုများအတွက် ငွေပေးချေမှုကိုယွမ်ငွေကြေး၊ ဒေါ်လာငွေ ကြေးများဖြင့် ဆောင်ရွက်လျက်ရှိသည်။ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲဆံတို့ကို ဒေါ်လာငွေကြေးအပြင် ယွမ်ငွေကြေးဖြင့်ပါ ဆောင်ရွက်ခွင့်ပြုပြီးဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက် ပစ္စည်းဖြစ်သည့် ကဏန်း၊ ငါးရှဉ့်တို့ကိုယွမ်ငွေကြေးဖြင့် ခွင့်ပြုဆောင်ရွက်လျက်ရှိသည်။

          မူဆယ်ဒေသမှ အများဆုံးတင်ပို့သည့် ပဲတီစိမ်းဈေးနှုန်းမှာ (၁)တန်လျှင် (၅၀၀၀-၅၇၀၀) ယွမ်၊ ပြောင်းဖူးစေ့ (၁)တန်လျှင် (၂၃၈၀-၂၄၈၀)ယွမ်၊ နှမ်းနက် (၁)တန်လျှင် (၁၁၅၀၀-၁၂၀၀၀)ယွမ်၊ နှမ်းညို (၁)တန်လျှင် (၈၀၀၀-၈၅၀၀)ယွမ် ၊ မြေပဲဆံ (၁)တန်လျှင် (၉၅၀၀-၉၇၀၀ )ယွမ်၊ ဆန် (ဧည့်မထ)၂၅% (၁) တန်လျှင် (၂၂၈၀ )ယွမ်၊ ဆန်ကွဲ (A 1-2) (၁)တန်လျှင် (၂၅၂၀ )ယွမ်၊ ရော်ဘာ RSS-3 (၁)တန်လျှင် (၇၀၀၀-၇၅၀၀)ယွမ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်းသိရှိရသည်။

          ပို့ကုန်လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့ခဲ့သည့်ပစ္စည်းများ၏ တန်ဖိုး အတိုင်း တစ်ဖက်နိုင်ငံဝယ်ယူသည့် ကုန်ဝယ်သူမှ ပေးချေသည့် ကုန်ဖိုးငွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညွှန်ကြားချက်အတိုင်း ဘဏ်စနစ်ဖြင့် ပို့ကုန်ရငွေများ ဝင်ရောက်နိုင်ရေးဆောင်ရွက်ရန် လိုအပ်သည်။

Border Trade News

Pages