ပုစွန်ဖွဲနှင့် လိမ္မော်သီးများ တာချီလိတ်မှ အများဆုံးတင်ပို့လျက်ရှိ

Tue, 01/10/2023 - 08:08 -- DotBorderdep

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်

တာချီလိတ်ကုန်သွယ်ရေးခန်းအနေဖြင့် ကုန်သည်လုပ်ငန်းရှင်များအား ကုန်သွယ်မှုလျင်မြန်ချော မွေ့စေရေးဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ကုန်သယ်မှုတိုးမြှင့်ရေးလုပ်ငန်းများကိုလည်း ဆောင် ရွက်လျက်ရှိပြီး သတ်မှတ်ကုန်သွယ်မှု လျာထားချက်ပြည့်မီရေး ဆောင်ရွက်လျက်ရှိပါသည်။ ရာသီမှာပွင့်လင်းကာလဖြစ်ပြီး ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်သလို နယ်မြေအေးချမ်း တည်ငြိမ်မှုရှိသည့်အတွက် ကုန်ပစ္စည်းတင်ပို့ တင်သွင်းခြင်းများကို ကုန်းလမ်းဖြင့်လည်းကောင်း၊ ဝမ်ပုံဆိပ်ကမ်းမှ ရေကြောင်းဖြင့်လည်းကောင်း ကုန်သွယ်မှုဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်တွင် ပို့ကုန်အနေဖြင့် အများဆုံးတင်ပို့မှုမှာ ပုစွန်ဖွဲ (၄၉၃)   တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၂၄၆)သန်းနှင့် ဒေသထွက် လိမ္မော်သီး (၂၁၁.၂၀၀) တန်၊ အမေရိကန် ဒေါ်လာ(၀.၀၃၀)သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပါသည်။ ငွေလဲနှုန်းအနေဖြင့် (၉-၁-၂၀၂၃) ရက်နေ့တွင် ကျပ်တစ်သိန်းလျှင် (၁၂၀၀)ဘတ်၊ တစ်ဘတ်လျှင် (၈၃.၃၃) ကျပ် ဈေးဖြစ်ပေါ်ခဲ့ ကြောင်း ဖော်ပြလိုက်ရပါသည်။

Border Trade News

Pages