တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Mon, 06/03/2024 - 05:13 -- bordertrade

                 တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်း များ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (မေလ ၂၇ ရက်နေ့ထိ) ပို့ကုန် ကန်ဒေါ်လာ (၂၄.၈၀၇) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၁၅.၁၃၆) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ(၃၉.၉၄၃)သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ (၂၇-၅-၂၀၂၄) ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း (၃,၅၇၈.၁၅၉) တန်၊ တန်ဖိုး (၀.၈၁၆) ဒေါ်လာသန်း၊ ကြက်သွန်ဖြူ (၆၆.၀၀၀) တန်၊ တန်ဖိုး (၀.၁၀၁) ဒေါ်လာသန်း၊ လက်ဖက် ခြောက် (၃၃.၆၀၀)တန်၊ တန်ဖိုး (၀.၀၁၈) ဒေါ်လာသန်း၊ MANGANESE DIOXIDE (၁၅၆.၀၀၀) တန်၊ (၀.၀၁၄) ဒေါ်လာသန်း၊ ကြက်သွန်နီ (၁၇.၀၀၀)တန်၊ (၀.၀၀၉) ဒေါ်လာသန်း၊ လိမ္မော်သီး (၁၃.၂၀၀) တန်၊ (၀.၀၀၂) ဒေါ်လာသန်းနှင့် စက္ကူဖြတ်စ (၄၆.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ စုစုပေါင်း (၀.၉၆၅) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၂၇-၅-၂၀၂၄) ရက်နေ့ တွင် ကျပ်(၁)သိန်းလျှင် (၈၆၄.၉၇၇)ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

              တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိက တင်သွင်းလျက်ရှိပြီး (၂၇-၅-၂၀၂၄) ရက်တွင် ဓာတ်ဆီ (၀.၀၅၈) ဒေါ်လာသန်း၊ ဒီဇယ် (၀.၀၅၇) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၀၃၆) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးပစ္စည်း (၀.၀၁၂) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၀၅၈) ဒေါ်လာသန်း  အပါအဝင် (၀.၂၂၁) ဒေါ်လာသန်း တင်သွင်းခဲ့ပါ သည်။

Border Trade News

Pages