တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Wed, 07/10/2024 - 05:02 -- bordertrade

                တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၂၉-၆-၂၀၂၄ မှ ၅-၇-၂၀၂၄) ရက်နေ့ထိ ပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်း (၁၆,၉၉၉.၈၉၁) တန်၊ တန်ဖိုး (၄.၂၂၃) ဒေါ်လာသန်း၊ ပဲတီစိမ်း (၆၈) တန်၊ (၀.၄၆၀) ဒေါ်လာသန်း၊ လိမ္မော်သီး (၆၆.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၉) ဒေါ်လာသန်း၊  ကြက်သွန်နီ (၇၄၃.၅၂၀) တန်၊ တန်ဖိုး (၀.၃၆၂) ဒေါ်လာသန်း၊ ကြက်သွန်ဖြူ (၄၅၅.၀၀၀) တန်၊ တန်ဖိုး (၀.၉၄၀) ဒေါ်လာသန်း၊ လက်ဖက် ခြောက် (၃၃.၆၀၀) တန်၊ တန်ဖိုး (၀.၀၁၈) ဒေါ်လာသန်း၊ ငရုတ်သီးခြောက် (၈၂.၇၀၀)တန်၊ တန်ဖိုး (၀.၁၅၈) ဒေါ်လာသန်း၊ ဆေးရွက်ကြီး(ဖြတ်စ) (၉၀.၀၀၀)တန် ၊ တန်ဖိုး (၀.၁၁၃)ဒေါ်လာသန်း၊ ပုစွန်ဖွဲ (၄၀၃.၂၀၀)တန်၊ တန်ဖိုး (၀.၁၉၄) ဒေါ်လာသန်း၊ စက္ကူဖြတ်စ (၁၄၈.၀၀၀)တန်၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်းနှင့် ပလပ်စတစ် ဖြတ်စ (၅၀.၀၀၀)တန် ၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်း အပါအဝင် ပို့ကုန်တန်ဖိုး (၆.၁၀၃) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်း ပျမ်းမျှငွေလဲနှုန်း အနေဖြင့် ကျပ် (၁) သိန်းလျှင် (၇၈၇.၀၀) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

          တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်း များ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်(၂၉-၆-၂၀၂၄ မှ ၅-၇-၂၀၂၄) တွင် ဓာတ်ဆီ (၁၁၉၆) BBL၊ တန်ဖိုး (၀.၁၁၇) ဒေါ်လာသန်း၊ ဒီဇယ် (၂၈၈၂) BBL ၊ တန်ဖိုး (၀.၃၁၄) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၉၉၀) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၄၆၆) ဒေါ်လာသန်း၊ လယ်ထွန်စက် (၀.၀၃၃) ဒေါ်လာသန်း၊  ဖန်ဆောက်လုပ်ရေးပစ္စည်းများ (၀.၀၀၁) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှ အပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၀၉၈) ဒေါ်လာသန်း၊ ဓာတုဗေဒပစ္စည်းများ (၀.၀၁၇) ဒေါ်လာသန်း၊ သုတ်ဆေး၊ ပေါလစ်များ (၀.၀၀၁) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၀၈၆) ဒေါ်လာသန်း၊ အခြားစက္ကူများ (၀.၂၄၁) ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်းများ (၀.၀၀၆) ဒေါ်လာသန်း၊ တာယာနှင့် ကျွတ်များ (၀.၀၀၂) ဒေါ်လာသန်း၊ ​ဆေးဝါးပစ္စည်းများ(၀.၂၃၆) ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၃၂) ဒေါ်လာသန်း နှင့် အခြားပစ္စည်း (၀.၀၇၅) ဒေါ်လာသန်း အပါအဝင် သွင်းကုန် တန်ဖိုး (၁.၈၂၅) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

Border Trade News

Pages