တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Fri, 03/08/2024 - 05:27 -- DotBorderdep

               တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဧပြီလ မှ မတ်လ၄ရက်ထိ) ပို့ကုန် ကန်ဒေါ်လာ (၄၉.၉၀၁) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၁၀၀.၄၁၆) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ(၁၅၀.၃၁၇) သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ (၄-၃-၂၀၂၄) ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း(၂,၅၁၀.၄၆၉) တန်၊တန်ဖိုး(၀.၅၇၉) ဒေါ်လာသန်း၊ထောပတ်သီး (၆၃.၀၀၀) တန်၊ တန်ဖိုး (၀.၀၃၄) ဒေါ်လာသန်း၊ကြက်သွန်နီ (၆၅.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၄) ဒေါ်လာသန်း၊ လိမ္မော်သီး (၂၆.၄၀၀) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊တံမြက်စည်း (၅၄.၅၀၀)တန်၊ (၀.၀၁၆)ဒေါ်လာသန်း၊ ပလပ်စတစ်ဖြတ်စ(၁၀) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်းနှင့်စက္ကူဖြတ်စ(၂၂) တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ စုစုပေါင်း (၀.၆၆၄) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၄-၃-၂၀၂၄) ရက်နေ့တွင် ကျပ်(၁)သိန်းလျှင်(၉၉၀) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

          တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိကတင်သွင်းလျက်ရှိပြီး(၄-၃-၂၀၂၄) ရက်တွင် ဓါတ်ဆီ (၀.၀၅၉) ဒေါ်လာသန်း၊ဒီဇယ် (၀.၀၂၈) ဒေါ်လာသန်း၊ ဘိလပ်မြေ(၀.၀၄၄) ဒေါ်လာသန်း၊ မီးခံအုတ်​(၀.၀၅၃) ဒေါ်လာသန်း၊ဘိလပ်မြေမျက်နှာကျက်ပြား(၀.၀၂၅) ဒေါ်လာသန်း၊ကွန်ကရစ်အမိုးပြား (၀.၀၁၇) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၁၃၃)ဒေါ်လာသန်းအပါအဝင် (၀.၃၅၉) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။

Border Trade News

Pages