ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Wed, 06/05/2024 - 10:31 -- DotBorderdep

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကဖြစ်သည်။

၂၀၂၄ ခုနှစ်၊ မေလ ကုန်သွယ်မှုလျာထားချက်မှာ အမေရိကန်ဒေါ်လာ (၁၇.၀၀၀) သန်းဖြစ်ပြီး (၃၁-၅-၂၀၂၄) ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ အမေရိကန်ဒေါ်လာ (၁၆.၆၈၇) သန်း ဆောင်ရွက်နိုင်ခဲ့ သဖြင့် လျာထားချက်အပေါ် (၉၈.၁၅၉%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၅၃၁၈.၆၂၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁.၅၄၃)သန်းနှင့် သွင်းကုန် (၂၉၃၈.၃၇၇) တန်၊ (၃၁၈၈၀.၁၀၀) M2၊ (၃၂၄) U၊ (၁၂၄၈၀၀) 2U၊ (၈၈၀) BBL၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁.၁၀၈)သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၂.၆၅၁) သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။

            ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ရေထွက်ကုန် ပစ္စည်းအုပ်စုတွင် (၄၆၃.၂၀၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၄၅၂)သန်း၊ လယ်ယာထွက်ကုန် ပစ္စည်းအုပ်စုတွင် (၄၇၀၅.၄၁၃) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁.၀၇၆) သန်းနှင့် အခြားပစ္စည်းအုပ်စု တွင် (၁၅၀.၀၀၀) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၀၁၅) သန်း၊ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ (၁.၅၄၃) သန်း တင်ပို့နိုင်ခဲ့ပါသည်။ ပို့ကုန်တိုးမြှင့်ရေးအဓိက ဆောင်ရွက်လျက်ရှိရာ ပြောင်းသီးနှံအား တစ်ဘက်ထိုင်းနိုင်ငံမှ Quota  ကာလအနေဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ (၁) ရက်မှ ဩဂုတ်လ (၃၁) ရက်နေ့ အထိ ခွင့်ပြုထားသဖြင့် မိမိနိုင်ငံထွက်ပြောင်းများကို ပင်လယ်ရေ ကြောင်း ရန်ကုန်ဆိပ်ကမ်းများမှတစ်ဆင့် ရနောင်းဆိပ်ကမ်းသို့ တိုက်ရိုက်တင်ပို့လျက်ရှိသကဲ့သို့ နယ်စပ်လမ်းကြောင်း ကော့သောင်းမှတစ်ဆင့် တင်ပို့မှုများလည်း ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ(၁) ရက်နေ့အထိ နယ်စပ်ကုန်သွယ်မှု အနေဖြင့် ကော့သောင်းမှ ရနောင်းသို့ ပြောင်းတန်ချိန် (၃၇၀၉၇.၈၂၉) တန်၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၈.၃၆၈) သန်းအား တင်ပို့နိုင်ခဲ့ပါသည်။ ယခုတစ်ပတ်အတွင်း ငါးဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါ သည်။

စဉ်        အမည်    အရေအတွက်      ဈေးနှုန်း

(၁)     ပလာတူး       ၁ ကီလိုဂရမ်   ၀.၉၈၀ ဒေါ်လာ

(၂)     ခွေးလျှာ(100-200 gm)         ၁ ကီလိုဂရမ်   ၀.၇၈၄ ဒေါ်လာ

(၃)     ကင်းမွန်(8-12 cm)    ၁ ကီလိုဂရမ်   ၂.၁၀၀ ဒေါ်လာ

(၄)     ပါးနီ    ၁ ကီလိုဂရမ်   ၂.၃၇၀ ဒေါ်လာ

(၅)     သဲဂဏန်း       ၁ ကီလိုဂရမ်   ၃.၈၉၀ဒေါ်လာ

(၆)     ပသွပ်  ၁ ကီလိုဂရမ်   ၃.၁၉၀ ဒေါ်လာ

(၇)     ငါးလိပ်ကျောက်        ၁ ကီလိုဂရမ်   ၂.၀၀၀ ဒေါ်လာ

(၈)     ဘဝဲ(100 gm down)  ၁ ကီလိုဂရမ်   ၁.၈၃၄ဒေါ်လာ

(၉)     ငါးနီငယ်        ၁ ကီလိုဂရမ်            ၁.၀၈၀ ဒေါ်လာ

(၁၀) ကြိမ်မွေ့ဒေါင်း   ၁ ကီလိုဂရမ်   ၁.၀၀၀ ဒေါ်လာ

        (800 gm down)

ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့်ဆောင်ရွက်လျက်ရှိသည်။ (၁-၆-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် (၈၆၉.၆) ဘတ်၊ (၁) ဘတ်လျှင် မြန်မာငွေ (၁၁၅) ကျပ်ခန့် (၃၁-၅-၂၀၂၄)ရက်နေ့ နှိုင်းယှဉ်လျှင်တည်ငြိမ်လျက်ရှိသည်။ စက်သုံးဆီဈေး နှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၄၁၇၅) ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၄၄၀၀) ကျပ်ဖြင့် တည်ငြိမ်လျက် ရှိသည်။

Border Trade News

Pages