Tradenet 2.0 စနစ်တွင် Member သက်တမ်းအား သက်တမ်းမကုန်မီ ၃ လအလိုတွင် သက်တမ်းတိုး ကြိုတင်ဆောင်ရွက်ရပါမည်။
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်အား သက်တမ်းမကုန်မီ ၆ လ အလိုတွင် သက်တမ်းတိုးခြင်းများ ကြိုတင်ဆောင်ရွက်နိုင်ပါသည်။
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်အား သက်တမ်းတိုးရန် ၁ နှစ်ကျော်လွန်သွားပါက De-Cancel Process ဖြင့် ပြန်လည်လျှောက်ထားရပါမည်။
ပို့ကုန်သွင်းကုန် လိုင်စင်ပါမစ်အချက်အလက်များ MACCS စနစ်သို့ မရောက်ရှိပါက အကောက်ခွန် ဦးစီးဌာန၏ Helpdesk ဖုန်းဖြစ်သော 01-379429 နှင့် email : [email protected] သို့ အကြောင်းကြားဆောင်ရွက်ရမည်ဖြစ်ပါသည်။
ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ် လျှောက်ထားမှုအပေါ် ဌာနမှစစ်ဆေးချက်အရ ပြင်ဆင်ရန် လိုအပ် ချက်ရှိခြင်း၊ စာရွက်စာတမ်း ပြည့်စုံမှုမရှိခြင်းကြောင့် ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်ချက်များရှိပါက ဌာနမှ Message ပေးပို့သည့်နေ့မှ
- ပို့ကုန်ပိုင်းတွင် (၁၄) ရက် အတွင်း
- သွင်းကုန်ပိုင်းတွင် (၇) ရက် အတွင်း
လုပ်ငန်းရှင်မှ ပြန်လည်တင်ပြခြင်းမရှိပါက စနစ်မှ အလိုအလျောက်ပယ်ဖျက် (Auto Cancel) ပြုလုပ်မည်ဖြစ်ပါသည်။
ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ် လျှောက်ထားမှုအပေါ် ဌာနမှ လိုင်စင်ခွင့်ပြု (Approve) ပြုလုပ်ပြီး ၇ ရက်အတွင်း Online Payment ပေးချေပြီးလိုင်စင်ထုတ်ယူရပါသည်။ Approve ကျပြီး ၇ ရက် ကျော်ပါက လိုင်စင်ကြေးအပြင် အောက်ပါအတိုင်း ရက်အလိုက်ဒဏ်ကြေးများကို ပေးသွင်းရမည် ဖြစ်ပါသည် -
(က) ၈ ရက်မှ ၁၄ ရက်အတွင်းထုတ်ယူပါက လိုင်စင်ကြေးအပြင် ဒဏ်ကြေးငွေကျပ် ၄၅၀၀၀ ၊
( ခ ) ၁၅ ရက်မှ ၃၀ ရက်အတွင်းထုတ်ယူပါက လိုင်စင်ကြေးအပြင် ဒဏ်ကြေးငွေကျပ် ၉၀၀၀၀ ၊
( ဂ ) ဒုတိယတစ်လ (ရက်ပေါင်း ၃၀) အတွင်းထုတ်ယူပါက လိုင်စင်ကြေးအပြင် ဒဏ်ကြေးငွေ ကျပ် ၁၈၀၀၀၀ ၊
(ဃ) တတိယတစ်လ (ရက်ပေါင်း ၃၀) အတွင်းထုတ်ယူပါက လိုင်စင်ကြေးအပြင် ဒဏ်ကြေးငွေ ကျပ် ၃၆၀၀၀၀ ၊
Approve ကျပြီး ရက် ၃၀ အတွင်း လိုင်စင်ထုတ်ယူခြင်းမရှိပါက အဆိုပါလိုင်စင်သည် စနစ် အတွင်းမှ Auto Cancel ဖြစ်သွားမည်ဖြစ်ပါသည်။ အဆိုပါဖြစ်စဉ်မျိုး ၃ လအတွင်း ၅ ကြိမ် ဖြစ်ပွားပါက ပို့ကုန်သွင်းကုန်မှတ်ပုံတင်လက်မှတ် (ပသက) ယာယီ ၆ လ စနစ်မှ အလို အလျောက် ပိတ်သိမ်းမည်ဖြစ်ပါသည်။