မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်းရှင်များအတွက် မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကျင်းပ
နေပြည်တော်၊ မတ်လ ၇ ရက်
အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအတွက် မူပိုင်ခွင့် ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း(MRCCI)နှင့်ပူးပေါင်း၍ ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွား ရေးရာ ဝန်ကြီး ဦးသိန်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း(MRCCI)ဒုတိယဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၊ စုစုပေါင်း(၁၀၀) ဦးခန့် တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးက နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် သိပ္ပံနှင့်နည်း ပညာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့တွင် မူပိုင်ခွင့်ကဏ္ဍ၏ အရေးပါမှုသည် ပိုမိုကြီးမား လာသည်ကို တွေ့ရှိသည့်အပြင် စီးပွားရေးဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင် ရွက်ရာတွင်ခိုင်မာသောမူပိုင်ခွင့်စနစ်တစ်ရပ်ရှိခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို ၂၀၁၉ ခုနှစ်တွင် အတည် ပြုပြဋ္ဌာန်းထားပြီးဖြစ်ရာ မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ်မှ တီထွင်ဖန်တီးမှုများတိုးမြှင့် လာခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာခြင်းမှတစ်ဆင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန်အတွက် အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနအနေ ဖြင့် မူပိုင်ခွင့်လျှောက်ထားခြင်းများကို အီလတ်ထရောနစ်စနစ်မှတစ်ဆင့်လည်းကောင်း၊ လျှောက်လွှာလက်ခံဌာနများမှ တစ်ဆင့်လည်းကောင်း လက်ခံဆောင်ရွက်လျက်ရှိပြီဖြစ်ရာ ယခုဆွေးနွေးပွဲ တွင် စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် သက်ဆိုင်ရာမူပိုင်ခွင့်များကို လျှောက် ထားလိုပါက One Stop Service - OSS ဖြင့် မူပိုင်ခွင့်ဦးစီးဌာနမှ တာဝန်ရှိသူများက လက်ခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရ၍ စီးပွားရေးလုပ်ငန်းရှင်များအတွက် အခွင့်အရေး တစ်ခုဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနနှင့် MRCCI အသင်းတို့ ပူးပေါင်း၍ အသေးစား၊ အငယ် စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအား မူပိုင်ခွင့်အသိပညာဗဟုသုတများကို ဖြန့်ဝေခြင်း အားဖြင့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို မူပိုင်ခွင့်ဖြင့်အကာ အကွယ်ရယူနိုင်သည့် နည်းစနစ်များကို သိရှိလာနိုင်ခြင်း၊ မိမိလုပ်ငန်း၏ အမှတ်တံဆိပ်များ၊ ဒီဇိုင်းများကို မူပိုင်ခွင့်ဖြင့်အကာအကွယ်ယူနိုင်ခြင်း၊ မူပိုင်ခွင့်ပိုင်ရှင်နှင့် ဖန်တီးသူတို့၏ အခွင့် အရေးနှင့်အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်ခြင်း၊ စက်မှုလက်မှုလုပ်ငန်းများ ဖွံဖြိုးတိုး တက်လာစေခြင်း၊ နည်းပညာတိုးတက်ပြန့်ပွားစေခြင်း၊ လူမှုစီးပွားဘဝ သာယာဝပြောရေးကို အကျိုးပြုစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအေးသီရိဝေက ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ညွှန် ကြားရေးမှူး ဦးလင်းအောင်ဆွေက တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲများသို့ တက်ရောက်လာသူများက သိရှိလို သည်များ မေးမြန်းခြင်းများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင်များ မှ၎င်းတို့၏မူပိုင်ခွင့်များကိုလျှောက်ထားခဲ့ရာတာဝန်ရှိသူများကလက်ခံဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။