ကွမ်းသီးခြောက် အိန္ဒိယ နယ်စပ်မှ ကွမ်းသီးခြောက်များ ပိုမိုတင်ပို့နိုင်

Mon, 05/13/2013 - 07:38 -- admin

သောကြာနေ့ ။ ၁၁  ဇန်နဝါရီလ ၂၀၁၃ 11:07AM

နှစ်နိုင်ငံ နယ်စပ် မြို့ဖြစ်တဲ့ တမူးနဲ့ ရိဒ် နယ်စပ် မှတစ်ဆင့် တစ်ဖက် အိန္ဒိယသို့ ကန်ဒေါ်လာ သုည ဒသမ ၃၅၄ သန်း တန်ဖိုးရှိ ကွမ်းသီးခြောက် ၃၃၇ တန်ကို ယခု ၂ဝ၁၃ နှစ် ဆန်းပိုင်းမှာ တင်ပို့ နိုင်တာ တွေ့ရ ပါတယ်။ ယခင် ဒီဇင်ဘာလ နောက်ဆုံး ပတ်မှာတော့ ၂၁၆ တန်သာ တင်ပို့ နိုင်ခဲ့တာမို့ ယခု အပတ်မှာ ၁၂၁ တန် ပိုမို တင်ပို့ နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခု အပတ်မှာ တမူး နယ်စပ်ရော ရိဒ် နယ်စပ်မှ ကွမ်းသီး ခြောက်များ ပိုမို တင်ပို့ နိုင်တာကြောင့် ကုန်သွယ်မှု ပိုမို ရခြင်းဖြစ် ပါတယ်။ ယခု နှစ်ဆန်း ပိုင်းမှာ တမူး နယ်စပ်မှ ၂၁၈ တန်နဲ့ ရိဒ် နယ်စပ်မှ ၁၁၉ တန် တင်ပို့ နိုင်တာတွေ့ ရပါတယ်။ ကွမ်းသီး ခြောက်များဟာ မြိတ်၊ ကော့သောင်း ဘက်မှ လာတဲ့ ကွမ်းသီးများ ဖြစ်ပြီး ကွမ်းသီး အသစ် ပေါ်ချိန် ဖြစ်တာမို့ အိန္ဒိယ ဘက်မှ ကုန်သည်များဟာ ဈေးကွက် စောင့်ကြည့် နေတယ်လို့ သိရ ပါတယ်။ ကွမ်းသီး အဟောင်း ၁ ပိဿာကို မိမိ ဘက်မှာ ၂၅ဝဝ ကျပ် မှ ၂၆ဝဝ ကျပ်ထိ ဈေးရှိပြီး ကွမ်းသီး အသစ် ၁ ပိဿာ ကို ၂၃ဝဝ ကျပ်မှ ၂၄ဝဝ ကျပ် ဈေးပေါက် လျက်ရှိတာ တွေ့ရ ပါတယ်။ တစ်ဖက် အိန္ဒိယ ဘက်မှာတော့ ၁ ကီလို ဂရမ်ကို ၁၁ဝ ရူပီး ဈေးပေါက် တယ်လို့ တမူး နယ်စပ်ရှိ ကုန်သည် တစ်ဦးထံမှ သိရှိ ရပါတယ်။

ခင်မိုးသူ MIRT (DOBT)