တစ်ဘီးတည်းလိမ့်နေ၍ခရီးရောက်မည်မဟုတ်ပါ

Mon, 05/13/2013 - 06:27 -- admin

ဗုဒ္ဓဟူးနေ့  ။ ၀၉  ဇန်နဝါရီလ ၂၀၁၃ 17:30 PM

Mobile Team ပညာပေး ကာလ အတွင်းမှာ ကန့်သတ် ကုန်များ သိမ်းဆည်းခြင်း၊ ခွင့်ပြု ပစ္စည်းများအား လိုင်စင် ခွင့်ပြု၍ အခွန် ဆောင်ခြင်းများ ဆောင်ရွက် ပေးလျက် ရှိနေပြီး ဇန်နဝါရီလ ၁ ရက်နေ့မှ စ၍ တွေ့ရှိ ပစ္စည်းများအား သိမ်းဆည်းခြင်း၊ ပိုင်ရှင်နဲ့ သယ်ယူ သူများအား ဥပဒေနဲ့ အညီ အရေးယူ ဆောင်ရွက်ခြင်းများကို လုပ်ဆောင် သွားတော့မှာ ဖြစ်တဲ့ အတွက် ဒေသနေ ပြည်သူများ ပူပေါင်း ပါဝင် ဆောင်ရွက်မှသာ နိုင်ငံတော်ရဲ့ လမ်းညွှန်ချက်များ အောင်မြင်နိုင်မှာ ဖြစ်တယ်၊ တစ်ဘီးတည်း လိမ့်နေလို့ ခရီး ရောက်မည် မဟုတ်ကြောင်း ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး လုပ်ငန်း ဆောင်ရွက်ရမှာ တွေ့ကြုံရတဲ့ အခက်အခဲများကို ပွင့်လင်း မြင်သာတဲ့ ခေတ်နဲ့ အညီ ပွင့်ပွင့် လင်းလင်း ဆွေးနွေးကြဖို့ ဒီဇင်ဘာလ ၂၇ ရက်နေ့က တမူး နယ်စပ် ကုန်သွယ်ရေး ညွှန်ကြားရေးမှူး ဦးဝင်းတင့်က လစဉ်   ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ ရှင်းလင်း ပြောကြား ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

စားသုံးသူ အကာ အကွယ် ပေးနိုင်ရေး အတွက် တရားမဝင် သယ်ယူမှုများရဲ့ စပ်လျဉ်းသည့် သတင်းများ သိရှိပါက နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနသို့ ကူညီ သတင်း ပေးရန်လည်း အသိပေး ပြောကြား ခဲ့တယ်လို့ သိရပါတယ်။

Source: နကသ (တမူး) တမူးမောင်