မန္တလေး-အုန်းချောဒေသထွက် နဂါးမောက်သီး များစမ်းသပ်တင်ပို့ရေးမှ/တိုးမြှင့်တင်ပို့ ရေးဆီသို့

Wed, 06/29/2016 - 03:57 -- dotadmin
မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ရှိ အရှေ့မြောက်တံခါး သစ်သီပွဲရုံသို့ဇွန် ၁၇ ရက်တွင် သရက်သီးများ တင်ဆောင် ထားသည့် ကားများနဲ့အတူ နဂါးမောက်သီးများ တင်ဆောင် ထားသည့် ကားတစ်စီးဝင်ရောက်လာခဲ့ပါသည်။ ၎င်း နဂါးမောက် သီး များ သည် မန္တလေးတိုင်း၊ ပုသိမ်ကြီး မြို့နယ် အုန်းချောဒေသရှိ ထွန်းတောက် စိုက်ပျိုးရေး ခြံမှထွက်ရှိပြီး တရုတ်ဘက်မှ ဈေး ကွက်စမ်းသပ်ရန် အတွက် မှာယူ(ဝယ်ယူ)ခြင်းဖြစ်ကြောင်း၊ ယခုပထမဆုံး အကြိမ်အဖြစ် နဂါးမောက်သီးဖာ ၅၀၀ အားတရုတ်ဘက်မှအမှာ ရှိ၍သစ်သီးခြံရှင် ကိုယ်တိုင်တင်ပို့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ နဂါးမောက်သီးများအား စက္ကူဂျပ်ဖာများဖြင့် တစ်ဖာလျှင် အလုံးညီအသီး၂၄လုံးထည့်ပြီး ရှစ်ကီလို အလေးချိန် ရှိကြောင်း၊ မန္တလေး-အုန်းချောမှ မူဆယ်(၁၀၅)မိုင်အထိ သယ်ယူခမှာရှစ်ကီလိုဝင် တစ်ဖာလျှင် ကားခ တစ်ထောင်ကျပ် ပေးရကြောင်း၊ သစ်သီးပွဲရုံတွင် ကား အတင်/အချ တစ်ဖာလျှင် အလုပ်သမားခ ၂၀ ကျပ်အား ကုန်သည်မှပေးရကြောင်း၊ ဈေးကွက်စမ်းသပ်ရန်အတွက် စတင်တင်ပို့ခြင်းဖြစ်ပြီး တရုတ်ဘက်မှ ပုံမှန်ဝယ်လက်၊ ပုံမှန်ဈေးကွက် များရှိလာပါက မိမိဘက်မှတင်ပို့ရန် နဂါးမောက်သီးများ အဆင်သင့်ရှိကြောင်းကိုလည်း သစ်သီးပွဲရုံမှ စုံစမ်းသိရှိရပါသည်။ နဂါးမောက်သီးလိုင်စင်ဈေးနှုန်းမှာ တစ်ကီလိုလျှင် သုည ဒသမ ၄ ဒေါ်လာရှိပြီး ဇွန်၁၇ ရက်တွင် အမေရိကန် ဒေါ်လာ ၁၆၀၀ တန်ဖိုးရှိ နဂါးမောက်သီး ၄ တန်အားတင်ပို့ခွင့်ပြုခဲ့ကြောင်း၊ကုန်စည် ဒိုင်ဈေးတစ်ကီလိုလျှင် သုည ဒသမ ၈ ယွမ်မှ ၁ ဒသမ ၆ ယွမ်အထိ ရှိကြောင်း သိရှိရပါသည်။ ပြည်ပပို့ကုန်အမယ်သစ်များ တိုးမြှင့်တင်ပို့ရာတွင် နဂါးေ မာက်သီးသည်လည်း အလားအလာကောင်းသော သစ်သီးဝလံ တစ်မျိုးဖြစ်ပြီး တစ်ဖက်နိုင်ငံတွင် စားသုံး ရန်နှင့် ဖျော်ရည်ဘူးများ၊စည်သွပ်ဘူးများ ပြု လုပ်ရာတွင် အသုံးပြု မည်ဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေး-အုန်းချောဒေသတစ်ဝိုက်ရှိ သစ်သီးခြံများမှထွက်ရှိသော နဂါးမောက်သီးများအား စမ်းသပ် တင်ပို့ရေးမှသည် ဈေးကွက်တိုးချဲ့ပြီး ပို့ကုန်တိုးမြှင့်ရေးသို့ဦးတည်ကာ ပိုမိုတိုးတက် တင်ပို့နိုင်ရေး ဝိုင်းဝန်းကြိုးစားကြပါ ရန် ရေးသားတင်ပြ လိုက်ရပါ သည်။
 
Ref : ကြည်ကြည်မြင့်-(မူဆယ်)