နေပြည်တော်၊ နိုဝင်ဘာ ၁၃ အိန္ဒိယသမ္မတနိုင်ငံ၊ ကုန်သည်များအသင်း (Indian Chamber of Commerce–ICC) ၏ ဖိတ်ကြားချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အိန္ဒိယသမ္မတနိုင်ငံ၊ ကော်လ်ကတ္တားမြို့၊ ITC Sonar Hotelတွင် ကျင်းပပြုလုပ်ခဲ့သည့် “အိန္ဒိယကုန်သည်ကြီးများအသင်း နှစ်ပတ် လည်စုံညီအစည်းအဝေး” သို့ ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးရုံးသတင်းများ
နေပြည်တော်၊ နိုဝင်ဘာ ၁၁ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁) ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပို့ကုန်လျာထားချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကိစ္စနှင့်စပ်လျဉ်းသည့် အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကားပြောကြားသည်။
နေပြည်တော်၊နိုဝင်ဘာ ၉ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်၊ (၀၈:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့၏ ဒါရိုက်တာဖြစ်သူ Mr.SHATIROV Alexander Sergeevich ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁) ၌ လက်ခံတွေ့ဆုံခဲ့သည်။
နေပြည်တော်၊ နိုဝင်ဘာ ၈ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်၊ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ပနိုင်ငံများသို့ စေလွှတ်မည့် စီးပွားရေးသံမှူးများနှင့် တွေ့ဆုံလမ်းညွှန်ပွဲ အခမ်းအနား သို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။
နေပြည်တော်၊ နိုဝင်ဘာ ၂
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်၊ (၁၆:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် CITIC Consortium Myanmar Port Investment Limited ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr. Frank Ma Chuanfu ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့၊ (၁၃:၀၀) နာရီ အချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၂)၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တည်ထောင်အကောင် အထည်ဖော်ရေးဆိုင်ရာဗဟိုကော်မတီ၏ သတ္တမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက် အဖွင့်အမှာ စကားပြောကြားခဲ့သည်။
နေပြည်တော်၊ အောက်တိုဘာ ၂၆
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန (ရန်ကုန်တိုင်း ဒေသကြီးရုံး) တွင် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက် နံနက် (၀၈:၃၀) နာရီအချိန်တွင် ပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
နေပြည်တော်၊ အောက်တိုဘာ ၂၂ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ မြန်မာ့စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီလီမိတက်မှ ဆောင်ရွက်လျှက်ရှိသော စက်သုံးဆီသိုလှောင်ရုံနေရာများသို့ ရောက်ရှိကာ စီမံကိန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုပါသည်။ ပထမဦးစွာ ရှင်းလင်းဆောင်တွင် စွမ်းအင် ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးရွှေမောင်နှင့် မြန်မာ့စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအများပ
နေပြည်တော်၊ အောက်တိုဘာ ၂၁ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်ရှိ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်)သို့ ရောက်ရှိကာ ကုန်စည်ဒိုင်အတွင်း ကောက်ပဲသီးနှံများ ရောင်းချနေမှုကို လှည့်လည်ကြည့်ရှုပြီး ကုန်စည်ဒိုင်အသင်းဝင် ဟိန္ဒူဘာသာဝင်တို့၏ ဒီပါဝလီနေ့အကြိုဧည့်ခံပွဲသို့ ပါဝင်တက်ရောက်ပါသည်။ ထို့နောက် အသင်း ဥက္ကဋ္ဌ၊ ကော်မတီဝင်များနှင့် တွေ့ဆုံကာ ပြည်တွင်း ကူးသန်းရောင်းဝယ်မှု ဖွံ့ဖြိုးတိုးတက်ရေး