စာပေနှင့်အနုပညာမူပိုင်ခွင့်တွင် အခွင့်အရေးအမျိုးအစား (၂) မျိုးရှိပါသည်။ ၎င်းတို့မှာ စာပေ နှင့် အနုပညာမူပိုင်ခွင့် (Copyright) နှင့် ဆက်နွှယ်သည့်အခွင့်အရေးများ (Related Rights) ဟူ၍ ဖြစ်ပါသည်။ စာပေ သို့မဟုတ် အနုပညာများကို ဖန်တီးသည့် မူလလက်ရာရှင်များသည် စာပေနှင့် အနုပညာမူပိုင်ခွင့် (Copyright) ရရှိပြီး အနုပညာလက်ရာများကို အများပြည်သူထံသို့ ရောက်ရှိစေရန် ဆောင်ရွက်သည့် လူပုဂ္ဂိုလ်များ သို့မဟုတ် အဖွဲ့အစည်းများသည် ဆက်နွှယ်သည့်အခွင့်အရေးများ (Related Rights) ကို ရရှိမည်ဖြစ်ပါသည်။
ပြည်ထောင်စုဝန်ကြီးရုံးသတင်းများ
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံအစိုးရတို့အကြား ဆန်စပါး ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (Memorandum of Understanding - MoU) ကို ၂၀၂၂ ခုနှစ်၊ စက်တင် ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ နှစ်စဉ်အများဆုံး ဆန်ဖြူတန်ချိန် (၂၅၀၀၀၀)ထိနှင့် ပေါင်းဆန် တန်ချိန် (၅၀၀၀၀)ထိတို့ အား တင်ပို့ရောင်းချနိုင်မည်ဖြစ်သည်။ အဆိုပါ MoU အရ မြန်မာနိုင်ငံ Myanmar Rice Federation – MRF နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Directorate General of Food တို့မှ ဧည့်မထ ၅% တန်းမြင့်ဆန် တန်ချိန် (၂၀၀၀၀၀)တင်ပို့ရန် အရောင်းစာချုပ် (Sales
နေပြည်တော် ဒီဇင်ဘာ ၂၀ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအစည်းအဝေး (၂/၂၀၂၂) ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၁၂ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁)၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၃/၂၀၂၂) ပုံမှန်အစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။
နေပြည်တော်၊ ဒီဇင်ဘာ ၉ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၂)၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) သို့ မြန်မာ နိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ(၂)၌ ကျင်းပပြုလုပ်ခဲ့သော မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ (၄/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။
နေပြည်တော်၊ နိုဝင်ဘာ ၃၀ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအသင်း၏ ဥက္ကဋ္ဌဖြစ်သူ Mr. Fumio USUI ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁) ၌ လက်ခံတွေ့ဆုံ ခဲ့သည်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန် တွင် ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် ရွှေဘုံသာလမ်းထောင့်ရှိ India Centre ၌ ကျင်းပ ပြုလုပ်ခဲ့သည့် အိန္ဒိယ - မြန်မာ ကုန်သည်များအသင်းမှ အသင်းဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ပါသည်။
နေပြည်တော်၊ နိုဝင်ဘာ ၂၁ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ရုံးအမှတ် (၅၂)၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် စစ်ဆေးရေးမှူးများ လုပ်ငန်းကျွမ်းကျင်မှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ် (၃/၂၀၂၂) ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့သည်။
နေပြည်တော်၊ နိုဝင်ဘာလ ၁၄ (တနင်္လာနေ့) နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၂) တွင် အာဆီယံစီးပွားရေးအသိုက်အဝန်း ၂၀၂၅ (ASEAN Economic Community 2025- AEC 2025) လုပ်ငန်းစီမံချက်ပါ လုပ်ငန်းကော်မတီ(၃) ခုနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို Online + Offline ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်က တက်ရောက်အမှာစကားပြောကြားခဲ့သည်။