ဂျပန်နိုင်ငံ၊ NEWJEC Inc နှင့် KANSO နည်းပညာကုမ္ပဏီတို့မှ ကိုယ်စားလှယ်အဖွဲ့အား ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဦးစိုးဝင်း၊ အထွေထွေမန်နေဂျာ၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးနှင့် ဦးအောင်စိုး၊ ညွှန်ကြားရေးမှူး၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဌာနခွဲတို့မှ စက်တင်ဘာလ ၅ ရက်နေ့ (တနင်္လာနေ့) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။