ယခုနှစ် ရာသီဥတုဟာ ပုံမှန်မရှိတာကြောင့် ကမ္ဘောဒီးယားနိုင်ငံရဲ့ ၂၀၁၂-၁၃ စပါးထွက်ရှိမှုဟာပြီးခဲ့တဲ့နှစ် ထွက်ရှိမှု တန်ချိန် ၈ ဒသမ ၇၈ သန်းမှ ၁ ရာခိုင်နှုန်းခန့်လျော့ ကျပြီး၊ တန်ချိန် ၈ ဒသမ ၇ သန်း(ဆန်တန်ချိန် ၅ ဒသမ ၆ သန်း)ခန့်သာ ထွက်မယ်လို့ FAO က ခန့်မှန်းထားပါတယ်။ လက်ရှိ ၂၀၁၂ အဓိကမိုးစပါးထွက်ရှိမှုဟာ ပြီးခဲ့တဲ့နှစ်ထက် ၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းပြီး၊ စပါးတန်ချိန် ၆ ဒသမ ၆ သန်းထွက်မယ်လို့ ဆိုပါတယ်။ စက်တင်ဘာလလယ်မှာ မိုးသည်းထန်ခြင်းကြောင့် စပါးစိုက်မြေ ဟက်တာ ၄၅၅၈၇ ခန့်ပျက်စီးခဲ့တာကြောင့် လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီနှစ်စပိုင်းမှာ လယ်မြေဟက်တာ ၁၄၀၆၄၇ ခန့် မိုးခေါင်ခြောက်သွေ့မှုကို ကြ
ပြည်ထောင်စုဝန်ကြီးရုံးသတင်းများ
အိန္ဒိယနိုင်ငံ၊ Gujarat Co-operative Milk Marketing Federation(GCMMF) က Amul အမှတ်တံဆိပ် အနေနဲ့ အဆီထုတ်ပြီးဖြစ်တဲ့ သန့်စင်နို့ မှုန့်ကို မြန်မာနိုင်ငံကို တင်ပို့ရောင်းချလိုကြောင်း ကမ်းလှမ်းလာပါတယ်။ ၎င်းကုမ္ပဏီဟာ အိန္ဒိယနိုင်ငံရဲ့ နို့ထွက်ပစ္စည်း အများဆုံး တင်ပို့တဲ့ အဖွဲ့အစည်းဖြစ်ပြီး အိန္ဒိယနိုင်ငံ ပို့ကုန် စုံစမ်း စစ်ဆေးရေးအေဂျင်စီမှလည်း အသိအမှတ်ပြုထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ GCMMF နှစ်စဉ်အမေရိကန် ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ နို့မှုန့်တွေကို အမေရိကန်၊ သြစတြေးလျ၊ စင်ကာပူ၊ ယူအေအီး၊ ဘာရိန်း၊ ကာတာ၊ အိုမန်၊ ကူဝိတ်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို အဓိကတင်ပို့ရောင်းချလျက်ရှိပါတယ်။
ပြီးခဲ့တဲ့ ၁၁ လအတွင်း ဗီယက်နမ်နိုင်ငံရဲ့ကော်ဖီတင်ပို့မှုဟာ တန်ချိန် ၁ ဒသမ ၅၆ သန်းခန့်ရှိပြီး၊ ရရှိတဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၃ ဒသမ ၃၄ ဘီလီယံရှိပြီဖြစ်ကြောင်း၊ ဗီယက်နမ် အကောက်ခွန်မှ ပြောကြားပါတယ်။ အဲဒီပမာဏဟာ ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ယှဉ်ရင် ၄၂ ဒသမ ၁ ရာခိုင်နှုန်းနဲ့ တန်ဖိုးအားဖြင့် ၃၇ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်မှုရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၂-၁၃ ရာသီမှာ ကော်ဖီထွက်ရှိမှု ၃၀ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်းနဲ့ လက်ရှိအချိန်ထိ တစ်ဝက်ခန့်သာ ရိတ်သိမ်းထားပြီးကြောင်း၊ ဗီယက်နမ်ကော်ဖီနဲ့ ကိုကာအသင်းမှ ဆိုပါ တယ်။ နိုင်ငံအတွင်း ကော်ဖီဈေးနှုန်းဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းကစပြီး ဆက်တိုက်ကျ
တရုတ်နိုင်ငံအတွင်း မျှော်မှန်းမထားတဲ့အထိ ဆန်တင်သွင်းမှု မြင့်တက်လာတာကြောင့် နိုင်ငံအတွင်းရှိ လယ်သမား နဲ့ အသေးစားဆန်စက်လုပ်ငန်းရှင်များ ဆုံးရှုံးမှုနဲ့ရင်ဆိုင်နေရတယ် လို့သိရပါတယ်။ တရားဝင်စာရင်းများအရ ၂၀၁၂ ဇန် နဝါရီလမှ အောက်တိုဘာလအထိ ဆန်တန်ချိန် ၂ သန်းနီးပါး တင်သွင်းခဲ့ရာ ယခင်နှစ်ကာလတူ တင်သွင်းတဲ့ တန်ချိန် ၅ သိန်းရဲ့ ၄ ဆ နီးပါးရှိခဲ့ပါတယ်။ စုစုပေါင်းတင်သွင်းမှုဟာ ၂၀၁၂ မှာ တန်ချိန် ၂ ဒသမ ၆ သန်းနဲ့ ၂၀၁၃ မှာ တန်ချိန် ၂ ဒသမ ၃ သန်းခန့်အထိ ရှိမယ်လို့ ဆိုပါတယ်။ယခုနှစ်အစပိုင်းမှာ တရုတ်အစိုးရ က လုံးပုစပါး အနိမ့်ဆုံး ဝယ်ယူ ရေးကို ၁၇ ရာခိုင်နှုန်းတိုးပြီး၊ တစ်တန် ကန်ဒေါ်လာ ၃၉၅ သတ်မှတ်ခဲ့ပါတယ
အိန္ဒိယပဲထွက်ရာ ဂျယ်နာ၊ လတ္တာစတဲ့ ဈေးကွက်တွေ ကို ပဲစင်းငုံအသစ်များ စတင်ဝင်ရောက်နေပြီဖြစ်ပြီး ဒီဇင် ဘာလ နောက်ဆုံးပတ်မှာတော့ အပြည့်အ၀ ဝင်ရောက်လာ ဖွယ်ရှိတယ်လို့ သိရပါတယ်။ ဈေးနှုန်းအနေနဲ့ ဝယ်လိုအား နည်းနေပြီး ရောင်းချမှု အလုံအလောက်ရှိတာကြောင့် ပဲစင်း ငုံဈေးက အားပျော့နေပါတယ်။ အိန္ဒိယ အစိုးရ စာရင်းတွေ အရ ၁၁ နှစ်မြောက် စီမံကိန်းကာလအတွင်း နိုင်ငံရဲ့ နှစ်စဉ် ပျမ်းမျှပဲဝယ်လိုအားက တန်ချိန် ၁၈ ဒသမ ၃၁ သန်းခန့်ရှိပြီး၊ ပျမ်းမျှ ထုတ်လုပ်မှုက တန်ချိန် ၁၅ ဒသမ ၈၉ သန်းသာရှိလို့ လိုအပ်ချက် ကွာဟမှုက ၁၃ ဒသမ ၂၁ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း နှစ်စဉ်ပဲတန်ချိန် ၂ ဒသမ ၄ သန်းခန့် တင်သွင်းနေရပါတ
ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန (MARD) မှ စားသုံးသူများအတွက် စားသောက်ကုန် အန္တရာယ်ကင်းပြီး စိတ်ချမှုရှိစေရေးအတွက် ၎င်းရဲ့လှည့်လည်စာ ၁၃ အရ စည်းကမ်းများ တိတိကျကျလိုက်နာကြဖို့ ပြည်ပတင်ပို့ သူများကို တောင်းဆို ကြောင်း သိရပါတယ်။ ယင်းလှည့်လည်စာ ၁၃ အရတင်သွင်းတဲ့သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အမျိုးအစားအားလုံးကို ဗီယက်နမ်နိုင်ငံသို့ တင်ပို့ခြင်းမပြုမီ ဂရုတစိုက် စစ်ဆေးရမှာဖြစ်ပါ တယ်။ နယ်စပ်ဖြတ်ကျော်စစ်ဆေးမှုများဟာ အထူးအရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၂ ဒီဇင်ဘာ ၃၁ ရက်မှစပြီး ဗီယက်နမ်နိုင်ငံဟာ သတ် မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းများ ပြည့်ဝခြင်းမရှိတဲ့ နိ
အိန္ဒိယရဲ့ ကုလားပဲစိုက်ပျိုးတဲ့ ရာဂျက်စသန်၊ မဒ္ဒရာ ပရာဒေ့ရှ်နဲ့ ဂူဂျာရတ်တို့မှာ ဆောင်းစိုက်ဧရိယာ တိုးနေပြီး၊ အထွက်ပိုမိုမယ့် မျှော်လင့်ချက်တွေအပြင် ပြည်ပကတင်သွင်းမှု လည်း မြင့်တက်နေတာကြောင့် ကုလားပဲဈေးဆက်ပြီး ကျဆင်းနေပါတယ်။ နယူးဒေလီ လက်ငင်း ဈေးကွက်မှာ ကုလားပဲဈေးက ရူပီး ၂၁၀ (ကန်ဒေါ်လာ ၃ ဒသမ ၈၅)ကျပြီး၊ တစ်တန်ကို ရူပီး ၄၁၇၉၀(ကန်ဒေါ်လာ ၇၆၆)ဈေးရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ် မှာ ပဲအထွက် လျော့ကျခဲ့တာကြောင့် ယခုနှစ် ကုလားပဲတင်သွင်းမှုက ပြီးခဲ့တဲ့နှစ်ထက် ပိုမိုဖွယ်ရှိနေပါ တယ်။ အိန္ဒိယရဲ့ NCDEX ကြိုပွိုင့်ဈေးကွက်မှာ ဇန်နဝါရီလ စာချုပ်ဈေးက သုည ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီး၊ တစ်တန် ရူပီး၃၉၈၀၀(ကန်
အင်ဒိုနီးရှား ဆန်ဝယ်ယူရေးအေဂျင်စီ ဘူးလော့ဂ်မှာ ၂၀၁၂ အတွင်း သိုလှောင်ဆန်အမြင့်ဆုံးရှိနေတယ်လို့ ဘူးလော့ဂ်တာဝန်ရှိသူကဆိုပါတယ်။ ယခုနှစ်နိုင်ငံတော် ဆန်သို လှောင်လက်ကျန် တန်ချိန် ၂ ဒသမ ၃ သန်း ထိရှိခဲ့ပြီး၊ ဘူးလော့ဂ်မှ ဝယ်ယူတဲ့ဆန်က တန်ချိန် ၃ ဒသမ ၇ သန်းထိ ရှိခဲ့ပါတယ်။ နိုင်ငံအတွင်း ဆန်သိုလှောင် လက်ကျန်နဲ့ ပြည်တွင်း ဝယ်ယူမှုက ဒီဇင်ဘာလကုန်မှာ အကောင်းဆုံးအနေအထားရှိနေလို့ ဘူးလော့ဂ် သမိုင်း တစ်လျှောက် အကောင်းဆုံး အခြေ အနေဖြစ်တယ်လို့လည်း ၎င်းကဆိုပါတယ်။ဘူးလော့ဂ်အနေနဲ့ ဆန်ဈေးကို တန