Union Minister U Aung Naing Oo from the Ministry of Commerce attended and addressed at the closing ceremony of the BIMSTEC Business Conclave as the guest of honour. The event took place in Kolkata, Republic of India, from 12:30 to 2:00 pm local time.
ပြည်ထောင်စုဝန်ကြီးရုံးသတင်းများ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၀)ရက်နေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီ (၁) ခု၊ ယာဉ်စီးရေ (၁) စီးဖြင့် နှာခေါင်းစည်း Mask (၂.၁၂၈) တန် တင်သွင်းခဲ့ကြောင်း သိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် ဦးဆောင်သော CMP သွင်းကုန်ပို့ကုန်ဆိုင်ရာ ကြီးကြပ်ရေးဆပ်ကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံး၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အိန္ဒိယသမ္မတနိုင်ငံ၊ ကော်လ်ကတ္တားမြို့၌ ကျင်းပပြုလုပ်နေသည့် BIMSTEC Business Conclave တွင် ဂုဏ်ထူးဆောင်ဧည့်သည် တော်အဖြစ် တက်ရောက်နေသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဒေသစံတော်ချိန် ၁၂:၃၀ နာရီ မှ ၁၄:၀၀ နာရီအထိ Hytta Regency Kolkata Hotel၊ Ballroom ခန်းမ (၁)တွင် ကျင်းပပြုလုပ်သည့် ဘင်းမ်စတက်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု Valedictory Session (ပိတ်ပွဲအခမ်းအနား) သို့ တက်ရောက်၍ ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
နေပြည်တော်၊ ဇွန် ၁၄ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Amazing Auto Co., Ltd.
အိန္ဒိယသမ္မတနိုင်ငံ၊ ကော်လ်ကတ္တားမြို့၌ ကျင်းပပြုလုပ်လျက်ရှိသည့် BIMSTEC Business Conclave တွင် ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် တက်ရောက်နေသည့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် BIMSTEC Business Conclave ၏ ဒုတိယနေ့ဖြစ်သည့် ဇွန်လ ၁၄ ရက်နေ့တွင် ကဏ္ဍအလိုက်ကျင်းပသော ဆက်စပ်ဖိုရမ်များသို့ တက်ရောက်အားပေးခဲ့ပါသည်။
အိန္ဒိယသမ္မတနိုင်ငံ၊ ကုန်သည်များအသင်း(Indian Chamber of Commerce- ICC)၏ ဖိတ်ကြားချက်အရ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဇွန်လ ၁၃ ရက်က အိန္ဒိယသမ္မတနိုင်ငံ၊ ကော်လ်ကတ္တားမြို့ရှိ Hytta Regency Kolkata Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် ဘင်းစတက်စီးပွားရေးလုပ်ငန်းဆွေးနွေးပွဲ(BIMSTEC Business Conclave)သို့ ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် တက်ရောက်အမှာစကားပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အိန္ဒိယကုန်သည်ကြီးများအသင်းတို့၏ ဖိတ်ကြားမှုဖြင့် အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို၌ ကျင်းပပြုလုပ်သည့် BIMSTEC Business Conclave သို့တက်ရောက်ရန်ရောက်ရှိနေသော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် အိန္ဒိယနိုင်ငံကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဖွဲ့စည်းထားသော အင်ဂျင်နီယာ ပို့ကုန်မြှင့်တင်ရေးကောင်စီ (Engineering Export Promotion Council-EEPC) မှ ကြီးမှူး ကျင်းပသည့် Trade and Investment Opportunities ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
ကော့သောင်းကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသော ပစ္စည်းများ မှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ် စေ့၊ ဆီအုန်းတို့ဖြစ်သည်။
FACETS Sri Lanka, International Gem & Jewellery Show 2024 ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်မှ ၈ ရက်အထိ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ Cinnamon Grand ၌ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ကြောင်း ဖိတ်ကြားလာပါသည်။
