ရန်ကုန်၊ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၂ ရက်
နိုင်ငံတော်အရန်ဆန်ဝယ်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်သည် ယနေ့ နေ့လယ်ပိုင်းတွင် အရန်ဆန်ဝယ်ယူရေးကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူများ လိုက်ပါ၍ ဒုတိယအကြိမ် ဝယ်ယူစုဆောင်းနေသည့် နိုင်ငံတော်အရန်ဆန်များ စုဆောင်းထားရှိမှုအခြေအနေကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
