MPT က သုံးစွဲသူမိဘပြည်သူများအတွက် လိုတရ ဝက်ဘ်ပေါ်တယ်လ်ကို စတင်လွှင့်တင်

Thu, 03/24/2016 - 08:14 -- admin_ygn

မြန်မာနိုင်ငံ၏ ပထမဆုံးဦးဆောင်ဆက်သွယ်ရေး  အော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် သုံးစွဲသူမိဘပြည်သူများအတွက်အတွေ့အကြုံ သစ်များကိုပေးနိုင်မည့် ပထမဆုံးသော '' လိုတရ''   web portal ကို စတင်ကြောင်းMPT  က ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါဝက်ဘ်ပေါ်တယ်လ်ကိုအသုံးပြုလို သူများအနေဖြင့်http://lotayamm.com တွင် သွားရောက်ရယူနိုင်ပြီ ဖြစ်သည်။ အဆိုပါဝက်ဘ်ပေါ်တယ်လ် သည် မြန်မာပြည် ရှိ သုံးစွဲသူများ လိုအပ်သောအချက် အလက်များအားလုံးကို တစ်နေရာတည်းတွင်ရရှိနိုင်ရန် ဒီဇိုင်းရေးဆွဲထား ခြင်းဖြစ်သည်။ ပြီးပြည့်စုံသော အချက်အလက်များ၊ အသုံးဝင်မှုများကို ၂၄ နာရီ ပတ်လုံး လက် တစ်ချက်ထောက်လိုက်ရုံဖြင့် တစ်နေရာတည်းတွင် စုံလင်စွာရရှိနိုင် မည်ဖြစ်သည်။''လိုတရ''ကို သုံးစွဲခြင်းဖြင့် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းရှိ နောက်ဆုံးရ သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိစေနိုင်မည်ဖြစ်သည်။ မိုးလေဝသဆိုင်ရာ အချက်အလက်များ၊ နိုင်ငံခြားငွေလဲနှုန်းများနှင့် အခြားသော MPT၏ ထပ် ဆောင်းဝန်ဆောင်မှုများ အကြောင်းအရာများကိုလည်း ကြည့်ရှုနိုင်သည်။ယင်းဝက်ဘ်ပေါ်တယ်လ်ကိုမြန်မာဘာသာစကားဖြင့်  ကြည့်ရှုနိုင်မည်ဖြစ်ပြီး ပထမဆုံးစာမျက်နှာသို့ ဝင်ရောက်မှုအတွက် မည်သည့်အင်တာနက် MPT ဖိုးမျှ ကုန်ကျမည်မဟုတ်ကြောင်း သိရသည်။အဆိုပါ ''လိုတရ''ဝက်ဘ်ပေါ်တယ်လ်တွငGoogle Search box  ၊ မိုးလေ ဝသဆိုင်ရာ သတင်းအချက်အလက်များ၊ ငွေလဲနှုန်းနှင့်ငွေကြေးဖလှယ်ခြင်းများ၊ သတင်းများကို ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မယ်သီတာ

Local Trade News

Pages