အောင်လံဈေးကွက်မှာ ပဲစင်းငုံနီ ဈေးငြိမ်၊ နှမ်းမျိုးစုံဈေး အနည်းငယ်ကျ

Fri, 07/08/2016 - 08:56 -- admin_ygn

အောင်လံဈေးကွက်မှာ ယခုတစ်ပတ် ပဲစင်းငုံနီဈေး ယခင် တစ်ပတ်အတိုင်း ဆက်လက်ရှိနေပြီး တစ်ပိဿာ ၂၄၅၀ ကျပ်   ( တစ်တန်ကို ၁၅၀၀၃၅၅ ကျပ် ) နဲ့ ပြည်ပအတွက် ရန်ကုန်ဝယ် လက်တွေက အဝယ်ရှိခဲ့ပေမယ့်  အရောင်း အဝယ်ဖြစ်မှု အနေနဲ့ တစ်နေ့ကို အိတ် ၁၅၀ မှ  ၂၀၀ ခန့်သာ အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။ နှမ်းမျိုးစုံကတော့ ယခင်တစ်ပတ်ထက် ဈေးအနည်း ငယ်ကျခဲ့ပြီး နှမ်းနီတစ်ပိသာ ၁၉၁၀ ကျပ်၊ နှမ်းနက် တစ်ပိသာ၂၀၀၀ ကျပ်၊ သိပ္ပံနှမ်း တစ်ပိသာ၃၃၃၅ ကျပ် နဲ့ ဈေးဖွင့်ခဲ့ပြီး တစ် နေ့ကို နှမ်းမျိုးစုံ  အိတ် ၃၀၀ မှ ၄၅၀ ကြား   အရောင်းအဝယ်ဖြစ် ကြောင်း သိရပါတယ်။

Local Trade News

Pages