မုံရွာမြို့နယ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေး ယွန်းထည်လုပ်ငန်းချေးငွေ အရင်းအတိုးပေးသွင်း

Thu, 01/28/2016 - 04:26 -- admin_ygn

ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာမြို့နယ် တာဝန်ခံက မြို့နယ်အတွင်းရှိ အသေးစား ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၊ ဇေယျာပဒေသာ ဖောင်ဒေးရှင်း တို့ချိတ်ဆက်ကာ အသေးစားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးရေး အထောက်အပံ့ဖြစ်စေမယ့်ချေးငွေများ တောင်းခံထုတ်ချေးပေးလျက်ရှိရာ မုံရွာမြို့နယ်၊ ကျောက္ကာ (မြောက်) ကျေးရွာရှိ ယွန်းထည်လုပ်ငန်းရှင်များနဲ့ ယွန်းလုပ်သား တို့အား တတိယအကြိမ်ချေးငွေအဖြစ် လုပ်ငန်းရှင် ၂၂ ဦး အတွက် ကျပ် ၃၃၅ သိန်းနဲ့လုပ်သား ၅၈ ဦးအတွက် ကျပ် ၁၁၆ သိန်း စုစု ပေါင်း ကျပ် ၄၅၁ သိန်းထုတ်ချေးပေးနိုင်ခဲ့ပါတယ်။ယခုအခါ ချေးငွေကာလခြောက်လပြည့် မြောက်ပြီဖြစ်လို့ ကျောက္ကာ (မြောက်) ကျေးရွာ၊ ယွန်းထည်လုပ်ငန်း အသင်းဥက္ကဋ္ဌ ဦးစိုးမိုးကျော်က ဦးဆောင်ပြီး ချေးငွေအရင်းအတိုးများကောက်ခံကာ အရင်း ကျပ် ၄၅၁ သိန်း နဲ့ အတိုး ကျပ် ၄၀ ဒသမ ၅၉၀ သိန်းကို ဇေယျာပ ဒေသာဖောင်ဒေးရှင်းသို့ ဇန်နဝါရီ  ၁၅ ရက်က အကျေသွားရောက် ပေးသွင်းပြီးဖြစ်တယ်လို့ သိရှိရပါ တယ်။  
ထွန်းလှိုင်-မုံရွာ

Local Trade News

Pages