မုံရွာကုန်စည်ဒိုင် ဖေဖော်ဝါရီလကုန်ပတ် ပဲမျိုးစုံဈေးကွက် ငုံနီကလွဲရင် ပုံမှန်အရောင်းအဝယ်သွက်

Tue, 03/01/2016 - 05:13 -- admin_ygn

   မုံရွာကုန်စည်ဒိုင် ဖေဖော်ဝါရီလကုန်ပတ်  ပဲမျိုးစုံဈေးကွက်မှာ ငုံနီဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ကထက် ကျဈေး ဖြစ်ကာ အရောင်းအေး ခဲ့ပြီး ကျန်ပဲမျိုးစုံက ပေါက်ဈေးအတက်အကျရှိပေမယ့် ပုံမှန်အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်က သိရပါတယ်။ငုံနီဈေးကွက်မှာ  ယခုတစ်ပတ်အတွင်း အနိမ့်ဆုံးတစ်တင်း ၄၀၆၀၀ ကျပ်အထိ ဖြစ်ပေါ်ခဲ့သလို ၄၂၅၀၀ ကျပ်အထိသာ အမြင့်ဆုံးပေါက်ဈေးဖြစ်ခဲ့ပါတယ်။ နယ်ကပဲအဝင်လျော့သွားသလို တစ် နေ့ အိတ် ၇၀၀ ခန့်သာ  ဒိုင်ကိုဝင်ရောက်ခဲ့ပြီး လှောင်လက်ကုန်သည် အဝယ်အရောင်းရှိခဲ့လို့ တစ်ရက်အိတ် ၂၀၀ ခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ဈေးကွက်က သိရပါတယ်။  ပဲတီစိမ်းဈေးကွက်မှာတော့  စိမ်းကြီး စိမ်းေ သး နှစ်မျိုးစလုံး နယ်အဝင်လျော့ခဲ့ပြီး၊ ရန်ကုန်အဝယ်ပုံမှန်ရှိခဲ့လို့ ယခုတစ်ပတ်မှာ စိမ်းကြီးတစ်တင်း ၃၅၀၀၀ ကျပ်၊ စိမ်းသေးတစ်တင်း ၃၀၈၀၀ ကျပ် အထိ ဈေးအနည်းငယ်မြောက်ခဲ့ပေမယ့်  တစ်ရက် အရောင်းအဝယ် အားဖြင့် စိမ်းကြီးအိတ် ၃၀၀ ခန့်နဲ့ စိမ်းသေးအိတ် ၂၀၀ ခန့်သာဖြစ်ခဲ့ ကာ ရန်ကုန်ဝယ်လက် ပုံမှန်သွက်ခဲ့တယ်လို့ဆိုပါတယ်။ယခုတစ်ပတ် မတ်ပဲဈေးကွက်မှာ နယ်စုံကပဲအဝင် ဆက်လက် လှိုင်နေပြီး ရန်ကုန်Export လက် အဝယ်ပုံမှန် ရှိခဲ့ပေမယ့် တစ်တင်း အမြင့်ဆုံး ၄၉၀၀၀ ကျပ်ကနေ ၄၄၀၀၀ ကျပ်အထိ ဈေးအေးသွားခဲ့ပြီး၊ တစ်ရက်အိတ် ၇၀၀ မှ ၁၀၀၀ အကြားအရောင်းအဝယ်သွက်နေဆဲ ဖြစ်တယ်လို့ ဒိုင်ရပ်ကွက်ကဆိုပါတယ်။ ကုလားပဲဈေးကွက် မှာတော့Export အတွက် ဝယ်လက်မရှိပေမယ့် ပြီးခဲ့တဲ့ ပဲဟောင်းလက်ကျန် ပြတ်သွားကာ လုပ်ငန်းသုံးသမားတွေ အမြင့်ဈေးမိခဲ့ပါတယ်။ဒါကြောင့် ယခုရာသီပဲသစ်ပေါ် ချိန် ကုန်ကြမ်းစုဆောင်းမှု ကြောင့် ဝယ်လိုအားသွက်ခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ တက်ဈေး ပြန်ဖြစ်ခဲ့ရာ ထိုင်ဝမ်တစ်တင်း  ၃၀၀၀၀ ကျပ်၊ ၉၂၉ တစ်တင်း ၃၀၀၀၀ ကျပ်နဲ့ ကုလားပဲဖြူလုံးကြီး ဠ၂ တစ်တင်း ၂၉၀၀၀ ကျပ် အသီးသီး ပေါက်ဈေးဖြစ်ခဲ့သလို တစ်ရက်ကုလားပဲမျိုးစုံ ၅၀၀ အိတ်အထက် အရောင်းအဝယ်သွက်ခဲ့တယ်လို့သိရပါတယ်။ပြည်တွင်းသုံးပဲဈေးကွက်မှာတော့ စွန်တာနီနဲ့ ပဲနီလုံးကြားကို ရန်ကုန်နဲ့ဒေသတွင်း ပဲလက်လီ  အရောင်းအတွက် ဝယ်လိုအား အသင့်အတင့်ကောင်းလာလို့ စွန်တာနီတစ်တင်း  ၁၅၈၀၀ ကျပ်နဲ့ လုံးကြားတစ်တင်း ၁၇၅၀၀ ကျပ် အသီးသီးဈေးပြန်မာကာ နှစ်မျိုး ပေါင်းတစ်ရက် အိတ် ၆၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ဆိုပါ တယ်။အခြားပဲမျိုးစုံရဲ့  တစ်ပတ်အတွင်း အနိမ့်ဆုံးနဲ့ အမြင့်ဆုံးဖြစ် ပေါ်ခဲ့တဲ့ တစ်တင်းပေါက်ဈေးအားဖြင့် ထောပတ်ပဲ ၁၅၃၀၀ ကျပ်၊ ပဲကြီး (ရေ) ၂၇၅၀၀ ကျပ်မှ ၂၈၀၀၀ ကျပ်၊  (ကုန်း) ၂၀၀၀၀ ကျပ်၊ ပဲပုပ် ၁၅၈၀၀ ကျပ်မှ ၁၆၈၀၀ ကျပ်၊ လွန်းပြာ ၁၉၀၀၀ ကျပ်၊ ပဲယင်း ဝါ ၁၆၀၀၀ ကျပ်၊ မြေထောက်ပဲ ၁၉၅၀၀ ကျပ်မှ ၂၁၅၀၀ ကျပ်နဲ့ စား တော်ပဲ (ကနေဒါ) ၂၄၀၀၀ ကျပ်မှ ၂၉၀၀၀ ကျပ်  အသီးသီးဖြစ်ခဲ့ တယ်လို့ မုံရွာကုန်စည်ဒိုင်ရပ်ကွက်က လေ့လာသိရှိရပါတယ်။
ထွန်းလှိုင်-မုံရွာ

Local Trade News

Pages