ပုထိုးစမ်းကျေးရွာတွင် မြေပဲဈေးကောင်းရရှိ၍ မြေပဲစိုက်တောင်သူများ အဆင်ပြေလျက်ရှိ

Thu, 04/25/2024 - 06:14 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကြီးကန်အုပ်စုရှိ ပုထိုးစမ်းကျေးရွာတွင် နှမ်း၊ ကုလားပဲ၊ မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစဉ်းငုံသီးနှံများကို စိုက်ပျိုးကြပြီး မြေပဲသီးနှံကို စိုက်ဧက ၃,၀၀၀ ကျော် စိုက်ပျိုးထားရှိကြောင်း သိရသည်။

   မြေပဲသီးနှံကို အောက်တိုဘာလတွင် စတင်စိုက်ပျိုး၍ စိုက်ပျိုးပြီးရက်ပေါင်း ၉၀ အကြာတွင် ရိတ်သိမ်းရပြီး စိုက်ပျိုးရာတွင် ကြောင်းဆွဲစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် သွင်းအားစုစရိတ်များမြင့်တက်လာပြီး မျိုး၊ မြေပြင်စရိတ်၊ လုပ်သားခ၊ သွင်းအားစုအပါအဝင် စုစုပေါင်း ၇၀၀,၀၀၀ ကျပ်ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းမှာ တစ်ဧကလျှင် မြေပဲတောင့် ၈၀ တင်းခန့်ထွက် ရှိပြီး ဧပြီလတတိယပတ်တွင် မြေပဲတောင့်တစ်တင်းလျှင် ကျပ် ၂၀,၀၀၀ ဖြင့်လည်းကောင်း၊ မြေပဲဆန်တစ်တင်းလျှင် ကျပ် ၁၆၀,၀၀၀ ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မြေပဲတောင့် များကို မကွေးမြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြကြောင်း၊ ယခုနှစ်တွင် သွင်းအားစုစရိတ်များ မြင့်တက်လာသော်လည်း မြေပဲတောင့်နှင့် မြေပဲဆန်များမှာ ဈေးကောင်းရရှိသောကြောင့် မြေပဲစိုက်တောင်သူများအနေဖြင့် ထိုက်သင့်သည့် အကျိုးအမြတ်များရရှိကာ အဆင်ပြေလျက်ရှိကြောင်း မြေပဲစိုက်‌တောင်သူ တစ်ဦးထံမှ သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages