ဖြူးမြို့နယ် ကျော်လှကြီးကျေးရွာတွင် နွေစပါးများစတင်ရိတ်သိမ်း၍ တောင်သူများအကျိုးအမြတ်ရရှိ

Mon, 05/29/2023 - 03:45 -- comsumer

      ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် နွေစပါးများ စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုး သည့်စပါး အမျိုးအစားများမှာ နှံကောက်နှင့် ဧရာမင်းတို့ဖြစ်ကြောင်း၊ ကုန်ကျစရိတ် အနေဖြင့် တစ်ဧကလျှင် ကျပ်(၉)သိန်းခန့် ကုန်ကျကြောင်း၊ ယခုအခါ နွေစပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်ရာ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် တင်း(၁၄၀)ခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ဖြူးမြို့နယ်၏ နွေစပါးဒေသပေါက်ဈေးမှာ ကွင်းဈေး တင်း ၁၀၀ လျှင် ကျပ် ၁၄ သိန်း၊ ဆန်စက်အရောက်ဈေး ကျပ် ၁၅ သိန်းရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ကျပ် ၁၁ သိန်းမှ ကျပ် ၁၂ သိန်းအထိ အကျိုးအမြတ်ရရှိကြောင်း သိရသည်။

DOCA (ပဲခူး)

Local Trade News

Pages