ပြည်ပွဲရုံများသို့ ကြက်သွန်နီ ဝင်ရောက်မှုများပြီး ဒေသတွင်းသာ အရောင်းရှိ

Tue, 02/23/2016 - 06:26 -- admin_ygn

                       ပြည်ကြက်သွန်နီပွဲရုံများတွင် ကြက်သွန်နီအိတ်တွေ အမြောက်အများဝင်ရောက်နေတာတွေ့ရပါတယ်။ ယခုလတတိယပတ်တွင် တစ်ရက် အိတ်တစ်သောင်း ကျော်အဝင်ရှိနေတာကြောင့်ဈေးတွေလည်းဆက် တိုက်ကျနေပါတယ်လို့ ပွဲရုံပိုင်ရှင်တစ်ဦးက ပြောပါတယ်။ ယခုတစ်ပတ် ပြည်ကြက်သွန်နီ (ပွဲရုံဈေး) တစ်ပိဿာလျှင် (ကြီး) ၅၂၅ ကျပ်၊ (လတ်) ၅၀၀ ကျပ်နဲ့ (သေး) ၄၅၀ ကျပ်တို့ဖြစ်ကြောင်းသိရပါတယ်။ ဒေသတွင်း (လက်လီ) ရောင်းဈေး (ကြီး) ၇၅၀ ကျပ်၊ (လတ်) ၆၅၀ ကျပ်နဲ့ (သေး) ၅၅၀ကျပ်တို့နဲ့ ရောင်းဝယ်လျက်ရှိကြပါတယ်။ကြက်သွန်နီဝင်ရောက်တဲ့ ဒေသတွေကတော့ ရေနံချောင်း၊ ပခုက္ကူ၊ ဆိပ်ဖြူမြို့နယ်တွေက ဝင်ရောက်နေတာ ဖြစ်ပါတယ်။ ဈေးအကျဘက်ရောက်နေလို့လည်း ပွဲရုံများမှလှောင်စတွေရှိနေတာကြောင့် အဝင်တွေများနေခြင်း ဖြစ်ပါတယ်။ အရောင်းအဝယ်အနေနဲ့ကတော့ ဒေသတွင်းအိတ်ဆွဲများသာ အရောင်းအဝယ် ရှိနေပါတယ်။ ဒေသတွင်းဆိုပေမယ့် လည်း နေ့စဉ်အိတ် ၄၀၀၊ ၅၀၀ အရောင်းအဝယ် ရှိနေတယ်လို့သိရပါတယ်။                                                                

နီနီဝင်း-ပြည်

 

Local Trade News

Pages